နောက်ဆုံးသတင်း/ဆောင်းပါးများ

ညှဉ်းပန်း နှိပ်စက်၍ ရသည့်ငွေဖြင့် ဥပဒေကို ၀ယ်ယူ လိုက်သည့် ရဲတပ်ဖွဲ့ဝင်များ

RB News
1.12.2013

မောင်တော ။ ။ လွန်ခဲ့သည့် ၆ လခန့်က မောင်တော မြို့နယ်တွင် ဘုန်းကြီး တစ်ပါး ထံမှ WY စာတမ်းပါ မူးယစ် ဆေးဝါး ၁၆၀၀၀၀ ကျော်ကို ရဲစခန်းမှူး ဦးသန်းတင်နှင့် အဖွဲ့က ဖမ်းဆီး ခဲ့ပြီး နိုင်ငံတော်သို့ ၆၀၀၀၀ ကျော် စာရင်း ပြ၍ ၁၀၀၀၀၀ ကျော်ကို ရောင်းစား ခဲ့သည်။ ရဲစခန်းမှူး ရဲအုပ် ဦးသန်းတင်၊ ဒုရဲအုပ် ဦးလှစိန်နှင့် ရဲတပ်သား နှစ်ဦး တို့ကို နိုင်ငံတော်မှ ဖမ်းဆီး အရေးယူ ခဲ့ရာ ယခု အခါ အပြီး အပိုင် ပြန် လွှတ် ပေးလိုက်ကြောင်း သတင်း ရရှိ ပါသည်။ 

ရဲစခန်းမှူး ရဲအုပ် ဦးသန်းတင်ကို ဒုရဲအုပ် အဖြစ်သို့ ရာထူး လျှော့ချ လိုက်ပြီး၊ ဒုရဲအုပ် ဦးလှစိန်ကို အရာခံ ဗိုလ် အဖြစ်သို့ ရာထူး လျှော့ချ လိုက်သည်။ ကျန်သည့် ရဲတပ်သား နှစ်ဦးကို အလုပ်မှ ဖြုတ်လိုက် သည်ဟု သိရှိ ရပါသည်။ 

စခန်းမှူး ဦးသန်းတင်နှင့် အဖွဲ့သည် ဒေသခံ ရိုဟင်ဂျာ များကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်၍ ငွေကျပ် သိန်းထောင် ပေါင်းများစွာ ပိုင်ဆိုင် ခဲ့ပြီး၊ ၎င်းငွေ များဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ် အစိုးရ၊ ပြည်ထောင်စု ၀န်ကြီးနှင့် ရဲချုပ် တို့ကို လာဘ်ငွေ အမြောက် အမြား ပေး၍ ဥပဒေကို ၀ယ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ များက RB News သို့ပြော ပါသည်။ ယခုအခါ ၎င်းတို့ လွတ်မြောက်ရေး အတွက် ကျပ် သိန်းပေါင်း နှစ်ထောင် ကျော်ကုန်ကျ ခဲ့သည့် အတွက်ကုန်ကျငွေ များကို ဒေသခံ များထံမှ ရအောင် ယူ မည် ဟု ခြိမ်းခြောက် ပြောဆို လျက်ရှိသည်။ 

အရာခံဗိုလ် အဆင့်သို့ ရာထူးလျှော့ချ ခံရသည့် ဦးလှစိန်သည် ၎င်း၏ တပည့် ဖြစ်သူ မောင်လှ စိန် နှင့် အတူ နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ရပ်ကွက် ၄ ဘောလုံးကွင်း အနီးရှိ ကင်းစခန်းမှ လုံထိန်း ၅ ဦး တို့ပါ ခေါ်၍ ရပ်ကွက် ၅ ရှိ ဦးလာလူး၏ နေအိမ်သို့ ဧည့်စာရင်း စစ်မည်ဟု ဆိုကာ ၀င်ရောက်ကာ ဦးလာလူးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဦးလာလူးကို ဘောလုံးကွင်း အနီးရှိ ကင်း စခန်းတွင် တစ်ညလုံး ရိုက်နှက် နှိပ်စက်ပြီး နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက် ၁၀ နာရီတွင် ငွေကျပ် ၁၀ သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေး ခဲ့သည်။ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက် ငွေညှစ် ခံရသူ ဦးလာလူးမှာ အ ပြစ်မဲ့ တစ်ဦး ဖြစ်သောကြောင့် ဒေသ ဆိုင်ရာ အာဏာပိုင် အကြီးအကဲ များကို ချက်ချင်း အကြောင်း ကြား တိုင်တန်း ခဲ့သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း သိရှိ ရပါသည်။ 

စခန်းမှူး ဦးသန်းတင်နှင့် ဦးလှစိန်တို့ အဖွဲ့သည် မောင်တော မြို့နယ်တွင် ယခင်က အပြစ်မဲ့ များကို ဖမ်း ဆီးပြီး ရိုက်နှက် နှိပ်စက်၍ ငွေညှစ်ခြင်း များကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရဲတပ်ဖွဲ့ ၀င် များ ဖြစ် သည်။ ယခု ကဲ့သို့ ဥပဒေကို ငွေဖြင့် ၀ယ်၍ ရာထူး ပြန်လည် ရရှိ လာခြင်းကြောင့် ဒေသခံ များအ ထူး စိုး ရိမ် ကြောင့်ကြ လျက်ရှိကြောင်း သိရှိ ရသည်။


Comment ရေးရန်

Rohingya Exodus