မတော်တဆ ယာဉ်တိုက်မှုကို အကြောင်းပြု၍ အဓိကရုဏ်း ဖြစ်ပွားစေရန် လှုံ့ဆော်နေ
RB News
7.12.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်တွင် မတော်တဆ ဖြစ်ပွားသည့် ယာဉ်တိုက်မှုကို အကြောင်းပြု၍ ၉၆၉ အဖွဲ့ များက ဒေသခံ ရိုဟင်ဂျာ ရွာများကို အကြမ်းဖက်ရန် လှုံ့ဆော်လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။
ဒီဇင်ဘာလ (၇)ရက်နေ့ တွင် မောင်တောမြို့ နယ်မြောက်ပိုင်း ၊ကျောက်လှေ ကားနှင့်ချွေ တာပြင် (ဒေါ်ရာဘီလ်) ကြား ကား လမ်းမ ပေါ်တွင် မော်တော် ဆိုင်ကယ် နှစ်စီး အချင်းချင်း တိုက်မိပြီး ရခိုင် လူမျိုး တစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိ ရပါသည်။ ၎င်းလမ်းမ သည်မြေသား လမ်းဖြစ်ပြီး၊ ဆိုင် ကယ် နှစ်စီး မတိုက် မိခင် ကားကြီး တစ်စီး ဖြတ်ကျော် သွားပြီး၊ ထိုသို့ ကားကြီး ဖြတ်သွား ခြင်းကြောင့် ဖုံ များ ထူထပ် သွား ပြီး မောင်းနှင် လာသည့် ဆိုင်ကယ် နှစ်စီးမှာ ဖုံများ ကြားထဲတွင် အချင်းချင်း မမြင်ကာ တိုက်မိ ခြင်း ဖြစ်သည်။ ဖုံများကြောင့် မမြင် ရသည့် အချိန်တွင် အရှိန်ဖြင့် မောင်းနှင် လာရာတွင် တိုက်မိ ပြီးနောက် ဆိုင်ကယ် နှစ်စီးမှ ရခိုင် လူမျိုး တစ်ဦး ပွဲချင်းပြီး သေဆုံး ခဲ့သည်။ တိုက်မိသည့် ဆိုင်ကယ် နှစ် စီးမှ တစ်စီး မှာ ရိုဟင်ဂျာ လူမျိုး နှစ်ဦး စီးနှင် လာသည့် ဆိုင်ကယ် ဖြစ်ပြီး၊ အခြား တစ်စီးမှာ ရခိုင် လူမျိုး နှစ်ဦး စီးနှင် လာသည့် ဆိုင်ကယ် ဖြစ်သည်။
ထိုကဲ့သို့ မတော်တဆ ဆိုင်ကယ် တိုက်ခြင်းကို မကျေနပ် ဟုဆိုကာ ရခိုင် ၉၆၉ အမျိုး ဘာသာ သာသ နာ စောင့်ရှောက် ရေးအသင်းမှ ဆိုင်ကယ် ၅၀ စီးခန့် တို့သည် သာသနာ့အလံများ လွှင့်ထူကာ အ ခင်း ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ အခင်းဖြစ်ပွားသည့် နေရာတွင် ဒေသခံ များကို ခြိမ်းခြောက် ၍ စော်ကား သည့် စကားများ ပြောဆို၍ ဆိုင်ကယ် များဖြင့် ညနေ ၅ နာရီခွဲ အချိန် တွင် မောင်တော မြို့ ထဲသို့သွားရောက်၍သာသနာသီချင်းများ သီဆိုကာဒေသခံ ရိုဟင်ဂျာများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အခင်း ဖြစ်ပွားသည့် နေရာသို့ ရဲတပ်ဖွဲ့ ၀င်များ ရောက်ရှိ လာပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိသည့် ရိုဟင် ဂျာ နှစ်ဦးမှ တစ်ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီး သွားသူကို ယခု အချိန်ထိ မည် သည့် နေရာတွင် ထိန်းသိမ်း ထားသည်ကို မသိရှိ ရသေးကြောင်း သိရှိ ရသည်။ ကျန်တစ်ဦးမှာ အ ခင်း ဖြစ်ပွားသည့် နေရာမှ တိမ်းရှောင် သွားသည်ဟု သိရှိ ရသည်။
ဒေသခံ များမှာ ၉၆၉ ကြေးစား သမား များသည် အနီး အနားရှိ ရွာများကို ခြိမ်းခြောက် လျက် ရှိ သောကြောင့် စိုးရိမ် လျက်ရှိသည်။ ဆိုင်ကယ် တိုက်မိခြင်းမှာ မတော်တဆ ဖြစ်သော်လည်း မတော် တဆ ဖြစ်သည်ကို အခွင့်ကောင်း ယူ၍ အဓိကရုဏ်း သဖွယ် ဖန်တီးရန် လှုံ့ဆော် လျက်ရှိကြောင်း သိရှိ ရပါ သည်။