နောက်ဆုံးသတင်း/ဆောင်းပါးများ

လက်တွေ့ သုတေသန ရလဒ် များက ဖေါ်ညွှန်းတဲ့ `ရိုဟင်ဂျာ´

ဦးဦးမှော်ဆရာ
8.12.2013

‘လူမျိုး’ ဆိုတာလူသားတွေကိုသိသာထင်ရှားတဲ့အုပ်စုတွေအဖြစ်ခွဲခြားသိစေခြင်း ပုံစံ ဖြစ်ပြီး၊ လူသား တွေရဲ့ ခန္ဓာကိုယ် ပြင်ပ သွင်ပြင် သဏ္ဍာန်၊ မျိုးရိုး ဗီဇ၊ ရိုးရာ ဓလေ့ စရိုက်၊ မွေးဖွား ရှင်သန်ရာ နယ်မြေဒေသ၊ သ မိုင်းကြောင်း ဆိုင်ရာမှတ်တမ်းများ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် စုပေါင်း နေထိုင် ကြတဲ့ လူ့အဖွဲ့ အ စည်း စသည်တို့ အပေါ် မူတည်ပြီး လူသားတွေ ကိုယ်တိုင် မှတ်ယူ ကြ တာပဲဖြစ်ပါတယ်။ ဒီလိုသတ် မှတ်ရာမှာ အင်္ဂလိပ် အသုံးအနှုန်းအရ`Ethnic´ နဲ့`Race´နှစ်ခု ဆိုလိုရင်းမတူပေမဲ့မြန် မာစ ကား မှာတော့ခုချိန်ထိရောထွေးနေဆဲဖြစ်တာကိုတွေ့ရ တယ် ။ မြန်မာ ပြည်မှာက `Ethnic´ ဆိုတဲ့ အသုံး အနှုန်း ကိုလည်း `လူမျိုးစု´ လိုလို၊ တိုင်းရင်းသား (Indigenous or Native) လိုလို ယူဆ နေကြ သလို၊ Race (လူမျိုး) ဆိုတာ သီးခြား စီရှိတဲ့ မျိုးရိုး ဗီဇ တစ်ခုချင်း စီကနေ ဆင်းသက် လာတဲ့ လူတွေလို့ တထစ်ချ မှတ်ယူ ကြပါတယ်။

ကျနော် နားလည် သလောက် ပြောရရင် `Ethnic´ ဆိုတာက ပမာဏ တစ်ခုထိ ရှိနေတဲ့ လူစူ လူဝေး တစ်ခုသည် ပင်လျှင် သူတို့ရဲ့ ကိုယ်ပိုင် ရွေးချယ်မှု ကြောင့် ဖြစ်တည် နေတဲ့ သီးခြား စရိုက် လက္ခဏာ၊ သီး ခြား ယဉ်ကျေးမှု၊ ကွဲပြားတဲ့ ဘာသာ စကား၊ နောက်ခံ သမိုင်းကြောင်း၊ ကိုးကွယ် ယုံကြည်မှု၊ စသည့် အ ချက်များ ပေါ်မူတည်ပြီး သတ်မှတ် ပါတယ်။ ဒါကြောင့် ‘Ethnic Identity’ ဟာ ပြောင်းလဲ နိုင်သလို၊ အ သစ်တွေ ဆက်ခံ လာနိုင်တဲ့ အတွက် “Ethnic စစ်စစ် မဟုတ်ဘူး” ဆိုတဲ့ အယူ အဆ မျိုး သည် ဘောင်မ၀င်တော့ပါ။ `Race´ ဆိုတာ ကတော့ (အထူး သဖြင့် ကိုယ့်ရဲ့ ရွေးချယ် မှုကြောင့် မဟုတ် တဲ့) မျိုးရိုး ဗီဇနဲ့ ဇီဝ သွင်ပြင် သဏ္ဍာန်ကို အခြေခံပြီး သတ်မှတ် တာပါ။ သမိုင်းကြောင်း ရှည်ကြာ ခဲ့ပြီ ဖြစ်တဲ့ လူသား မျိုးနွယ်စုနဲ့ ပတ်သက်ပြီး စနစ် တကျ သုတေသန ရလဒ်များ အရ မူလ မျိုးနွယ် စုကြီး တွေကို ဆက်စပ် ဖေါ်ထုတ် နိုင်ခဲ့ပေမဲ့ မျိုးရိုး ဗီဇ တစ်ခုတည်းက ဆင်းသက် လာတဲ့ လူမျိုး ဆိုတာ မ ရှိတော့ဘဲ သိလာ ရတဲ့ အတွက် “ကမ္ဘာပေါ်မှာ `လူမျိုး (Race)´စစ်စစ် ဆိုတာ လုံးဝ မရှိတော့ဘူး” လို့ UNESCO က ၁၉၅၂ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၆၄ ခုနှစ်မှာ တစ်ကြိမ် အတိ အလင်း ကြေငြာ ခဲ့ပါတယ်။ `လူမျိုး´ ဆို တဲ့ အယူစွဲမှု ကနေ “သူ့လူမျိုး ထက် ငါ့လူမျိုး ပိုမြတ်တယ်” ဆိုတဲ့ Racism အယူ အဆကို ဦးတည် စေတဲ့ အတွက် Race (လူမျိုး) ဆိုတဲ့ အသုံး အနှုန်း သည်ပင်လျှင် မှားယွင်း နေကြောင်း၊ ကမ္ဘာ ပေါ်မှာ ရှိတဲ့ လူသား မျိုးနွယ် များကို `Ethnic group (မျိုးနွယ်စု)´များ အဖြစ်သာ သတ်မှတ် ယူဆ သင့်ကြောင်း မနုဿဗေဒ ပညာရှင် တွေက နောက်ပိုင်းမှာ အတိ အလင်း ထုတ်ပြန် ခဲ့ပါတယ်။

ခုလို မျိုးရိုးဗီဇ`သွေး´ကိုအခြေ မခံရင် ဘယ်အချက်ကို အခြေခံပြီး မျိုးနွယ်စု တွေကို ခွဲခြား သတ်မှတ် နိုင်မလဲ ဆိုတဲ့ မေးခွန်း ရှိလာ ပါတယ်။ လူသား မှန်လျှင် လူအချင်းချင်း ပြောဆို ဆက်ဆံ နေတဲ့ ဘာသာ စကား တစ်မျိုးမျိုးနဲ့ စပ်ဆိုင်မှု ရှိတာ သေချာတဲ့ အတွက် ၁၉၅၁ ခုနှစ်မှာ UN အဖွဲ့ အစည်း တစ်ခု ဖြစ်တဲ့ UNESCO နဲ့အတူ SIL International ဆိုတဲ့ အဖွဲ့ကြီးတို့ ပူးပေါင်းပြီး ကမ္ဘာ ပေါ်မှာ အသုံးပြု နေကြတဲ့ ဘာသာ စကားတွေ ကနေ တဆင့် လူမျိုးစု တွေရဲ့ ဇစ်မြစ် တွေကို သုတေသန ပြုခဲ့ ကြပါတယ်။ SIL International ဆိုတာ ကုလ သမဂ္ဂ စီးပွားရေးနဲ့ လူမှု ရေးရာ ကောင်စီ (ECOSCO) နဲ့ ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံ နဲ့ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့ အစည်း (UNESCO) အဖွဲ့ တွေရဲ့ အထူး အကြံပေး အဖွဲ့ တစ်ရပ် ဖြစ်ပါတယ်။ သူတို့ဟာ ဒီလို သုတေသန လုပ်ငန်းကို ၁၉၃၄ ခုနှစ် ကတည်းက စတင် ခဲ့တာ ဖြစ်ပြီး၊ ယခု အချိန်မှာ နိုင်ငံ တကာ အဆင့်မီ မနုဿ နဲ့ ဘာသာ ဗေဒ ဆိုင်ရာ ပညာရှင်ကြီး များရဲ့အကူ အညီဖြင့် ကမ္ဘာပေါ်မှာ အသုံးပြု နေတဲ့ မတူ ကွဲပြားတဲ့ ဘာသာ စကားပေါင်း (၇၁၀၅) ခုကျော်နဲ့ သူတို့ရဲ့ ပင်မ မျိုးနွယ် တွေကိုပါ စနစ် တကျ သုတေသန ပြုပြီး၊ နိုင်ငံ တကာ စံသတ်မှတ် မှုကုဒ် အဖြစ် ISO- 639 – 1 (သို့) 2 (သို့) 3 များဖြင့် မှတ်တမ်း ပြုစု နိုင်ခဲ့ ပါတယ်။ Standard three-letter-language-identifier codes (ISO 639-1 Or 2 or 3) ဆိုတာဟာ ဒေသ အလိုက် ကွဲပြား ခြားနားတဲ့ လူမျိုးစုတွေ အသုံးပြုတဲ့ ဘာသာ စကားတွေ အတွက် သီးသန့် သတ်မှတ် ထားတဲ့ ကုဒ်နံပါတ် ဖြစ်ပါတယ်။ ဒီလို သုတေသနပြု တွေ့ရှိ ချက်များကို Ethnologue ဆိုတဲ့ စာအုပ် အဖြစ် လေးနှစ် တစ်ကြိမ် ထုတ်ဝေ ခဲ့ပြီး၊ ယခု ၂၀၁၃ ခုနှစ်မှာ (၁၇) ကြိမ် မြောက် စာအုပ်ကို ထုတ်ဝေ ခဲ့ပါတယ်။

ကျနော့် ဆောင်းပါး ခုမှ စမှာပါ။ Ethnologue မှာဖေါ်ပြ ထားချက် အရ မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ ဘာသာ စကား အပါ အ၀င် မတူ ကွဲပြားတဲ့ ဘာသာ စကား (၁၁၃) မျိုးရှိ ပါတယ်။ ဒီထဲက (၁၁၁) မျိုးဟာ ပြောဆို အသုံးပြု နေတဲ့ မျိုးနွယ်စုတွေ ရှိနေ ကြပေမဲ့၊ ဘာသာ စကား(၂) ခုကတော့ ပြောဆိုမဲ့လူ မရှိတော့ ဘူးလို့ ဆိုပါတယ်။ နောက်ပြီး ရာဂဏန်း လောက်ပဲ ကျန်တော့တဲ့ လူမျိုးစု တွေလည်း ရှိပါတယ်။

ဒီပုံတွေရဲ့ ရှင်းလင်းချက် များကို အောက်တွင် ကြည့်ပါ။




UNESCO နဲ့ SIL အဖွဲ့ကြီး တို့ရဲ့ သုတေသနပြု တွေ့ရှိချက် များအရ ဘာသာ စကားပြော ပင်မ မျိုးနွယ် စုကြီး (၁၄၇) မျိုး ခွဲခြားပြ ထားပါတယ်။ အဲဒီ ဘာသာ စကား (၁၄၇) မျိုးထဲမှာ အင်ဒို-ယူရို ပီယမ် (Indo-European) ဆိုတာ တစ်ခု အပါ အ၀င်ပါ။ တဖန် ဒီ Indo-European မျိုးနွယ်စုကြီး ကနေ အုပ်စုခွဲ (၉) စု ထပ်မံ ခွဲခြား နိုင်ပြီး၊ အဲဒီ အုပ်စု (၉) စုမှ ဆင်းသက် လာတဲ့ ကွဲပြားတဲ့ ဘာသာ စကားပြော မျိုးနွယ်စုဟာ (၄၄၄) စု ရှိပါတယ်။ အဲဒီ Indo-European ရဲ့ အုပ်စုခွဲ (၉) စုထဲမှာ အင်ဒို-အီရန်း နီးယန်း (Indo-Iranian) ဆိုတဲ့ အုပ်စု ပါ ပါတယ်။ ဒီ Indo-Iranian အောက်မှာ ကွဲပြားတဲ့ ဘာသာ စကားပြော လူမျိုးစု aပါင်း (၃၁၂) စု ရှိပြီး၊ သူတို့ကို အဓိက အုပ်စုခွဲ (၃) စုနဲ့ ထပ်မံ ခွဲခြား ပြထား ပါတယ်။ ဒီလို အဓိက အုပ်စုခွဲ (၃) ခုထဲမှာ Indo-Aryan ဆိုတာ ပါ ပါတယ်။ Indo-Aryan ဆိုတဲ့ အုပ်စု အောက်မှာ မျိုးနွယ်စု ပေါင်း (၂၂၅) စု ရှိပြီး၊ ဇုံခွဲပေါင်း (၁၀) ခု ထပ်မံ ခွဲခြား ထားပါတယ်။ အဲဒီ ဇုံ (၁၀) ခုထဲမှာ တစ်ခု ဖြစ်တဲ့ Eastern zone မှာ အဓိကဇုံ (၄) ဇုံ ခွဲထားပြီး၊ အဲဒီ ဇုံ (၄) ဇုံအောက်မှာ ကွဲပြားတဲ့ ဘာသာ စကား အသုံးပြုတဲ့ မျိုးနွယ်စု ပေါင်း (၄၆) စု ရှိတယ်။ ဒီဇုံ (၄) ဇုံမှာ တစ်ခု အပါ အ၀င် ဖြစ်တဲ့ Bengali-Assamese ဆိုတဲ့ ဇုံမှာ မတူ ကွဲပြားတဲ့ ဘာသာ စကားပေါင်း (၁၉) မျိုးရှိ ပါတယ်။ အဲဒီ ဘာသာ စကား (၁၉) ထဲမှာ ဘင်္ဂါလီ၊ စစ်တကောင်း၊ ချက်မား (ဒိုင်းနက်) ဘာသာ စကား တို့ဟာ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ အတွင်းရှိ ဘာသာ စကားတွေ အဖြစ် ဖေါ်ပြ ထားပြီး၊ ရိုဟင်ဂျာ ဘာသာ စကား ကိုတော့ မြန်မာ နိုင်ငံ အတွင်းရှိ ဘာသာ စကားတွေ ထဲက တစ်ခု အဖြစ် ဖေါ်ပြ ထားပါတယ်။ ရိုဟင်ဂျာ ဘာသာ စကား၏ သီးသန့် ကုဒ်နံပါတ်က ISO 639-3 [rhg] ဖြစ်ပါတယ်။ ထို့ပြင် ရိုဟင်ဂျာ စာပေ ရှိတယ် လို့လည်း အသိ အမှတ် ပြုထား ပါတယ်။ ဒါကို ကြည့်ရင် `ရိုဟင်ဂျာ´ဆိုတဲ့ မျိုးနွယ်စု ဟာ ပညာမဲ့ သူတွေ စွပ်စွဲ နေသလို ဘင်္ဂါလီ လူမျိုးလည်း မဟုတ် သလို၊ စစ်တကောင်း သားတွေ နဲ့လည်း မတူဘူး ဆိုတာ သုတေသန ရလဒ် တွေအရ သေချာ သွားပါပြီ။ ဒီထက်ပို အရေးကြီး တာက ရိုဟင်ဂျာ မျိုးနွယ်စု ရဲ့ဇစ်မြစ်သည် အင်ဒို- အာရိယန် ဖြစ်တယ် ဆိုတဲ့ အချက်ပါ။ ဒီအချက်ဟာ အာရကန် (ရခိုင်) ဒေသ မူလ သမိုင်းကြောင်း ကို ပြောတဲ့ အခါ အလွန် အရေးကြီးတဲ့ ပွိုင့် တစ်ခု ဖြစ်ပါတယ်။ ကျနော် အဆင်ပြေတဲ့ အခါ ဒီအချက် က ဖေါ်ပြ နေတဲ့ အာရကန် သမိုင်းကို ဆောင်းပါး တစ်ပုဒ် ရေးပါ ဦးမယ်။

ဆောင်းပါးလည်း ရှည်သွား ပါပြီ။ ခုဆိုလျှင် လူမျိုး ရှိဖို့ ဆိုရင် ဘာသာ စကား ရှိရမယ်လို့ ပြောနေ သူများ၊ ရိုဟင်ဂျာ ဘာသာ စကား ရှိသလားလို့ မေးနေ သူများ ရှင်းလင်းစွာ သိသွား ပြီလို့ မျှော်လင့် ပါတယ်။ မြန် မာ နိုင်ငံ မှာရော၊ ကမ္ဘာပေါ် မှာပါ ရိုဟင်ဂျာ လူမျိုးစု ရှိကြောင်း သမိုင်း မှတ်တမ်းများ အပြင်၊ ခုလို ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်းကြီး တစ်ခု ဖြစ်တဲ့ UNESCO ၊ SIL International တို့နဲ့ နိုင်ငံ တကာ မနုဿဗေဒ နဲ့ ဘာသာ ဗေဒ ပညာရှင် များရဲ့ သုတေသန ရလဒ် များက ရိုဟင်ဂျာ ဘာသာ စကား နဲ့ ဒီစ ကားပြောဆိုနေတဲ့ရိုဟင်ဂျာမျိုးနွယ်စုအမှန်တကယ်ရှိနေပါတယ်လို့အတိအလင်းညွှန်းဆိုနေကြောင်းဖေါ်ပြ လိုက်ရ ပါသည်။ 

(မှတ်ချက် ။ ။ Ethnologue ဆိုတဲ့ မူရင်း စာအုပ်က စာမျက်နှာ ပေါင်း ၁၂၀၀ ကျော်ရှိတဲ့ အတွက် ကျနော့် ဆောင်းပါးနဲ့ ပက်သက်တဲ့ အချက် အလက် တွေကိုပဲ သီးသန့် ထုတ်ပြီး pdf ဖိုင် တင်ပေး ထားပါတယ်။ စိတ်ဝင်စား ပါက ဒီလင့် ကနေ ဒေါင်းလုတ် ရယူ နိုင်ပါတယ်။)


Ref: 
Ethnologue
Standard three-letter-language-identifier codes (ISO – 639)
SIL International
Open Language Archives Community

Comment ရေးရန်

Rohingya Exodus