March 14, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ALP အကြမ်းဖက် သမား တစ်ဦးကို မောင်တောတွင် လက်နက် များဖြင့် ဖမ်းဆီးရမိ

မောင်အာသာ 
RB News
9.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း လဘောဇား ကျေးရွာ (အာရိုရှ်ရှာ ဖာရာ) တွင် ဒီဇင်ဘာလ (၈) ရက်နေ့က ရခိုင်ပြည် လွတ်မြောက်ရေး အဖွဲ့ (ALP) မှ အကြမ်းဖက် သမား တစ်ဦးကို လက်နက် များဖြင့် လုံထိန်းနှင့် ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး ရမိ ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

“ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှာ မောင်တော ရဲစခန်းက နယ်ထိန်းနဲ့ အရင် နစက နယ်မြေ ၆ မှာ ရှိတဲ့ လုံထိန်းတွေက မောင်တော မြောက်ပိုင်း လဘောဇား ကျေးရွာ (အာရိုရှ်ရှာ ဖာရာ) ကျေးရွာ အုပ်စု၊ ကညင်ချောင်းရွာ မှာ ရခိုင် အကြမ်းဖက် သမား တစ်ယောက်ကို ဖမ်းဆီး ရမိ ခဲ့တယ်။ အကြမ်းဖက် သမား ဆီက နောက် ဆုံးပေါ် ပစ္စတို တစ်လက်၊ ကျည်ဆံတွေနဲ့ လက်ပစ်ဗုံး တစ်ချို့ သိမ်းဆည်း ရတယ်လို့ သိရ တယ်။ အဲဒီ အ ကြမ်းဖက် သမားကို စစ်ဆေးတော့ ကျောက်ဖြူ မြို့က ဒေသခံ တစ်ဦး ဖြစ်ပြီး ရခိုင်ပြည် လွတ်မြောက်ရေး အဖွဲ့ (ALP) ကလို့ ထွက်ဆိုတယ်။ သူ့ရဲ့ နာမည်ကတော့ ထွန်းအောင်ဇံ (ဘ) အောင်ထွန်းကျော် ဖြစ် ပါ တယ်။ နိုင်ငံသား စီစစ်ရေး ကဒ်ပြား နံပါတ်က ၁၁/ ကဖန (နိုင်) ၀၀၄၅၃၈ ဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦး က RB News သို့ ပြောပါသည်။ 

“ALP ကတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ တွေကို အကြမ်း ဖက်တဲ့ အခန်း ကဏ္ဍမှာ အဓိက ပါဝင် နေ တာပါ။ မောင်တော မြောက်ပိုင်းမှာ အိမ်တွေကို မကြာခဏ ဓါးပြ ၀င်တိုက် လေ့ရှိတယ်။ အခု ဖမ်းခံရတဲ့ အကြမ်းဖက်သမား ကတော့ ဖမ်းခံ ထားရတဲ့ ALP အဖွဲ့ဝင် အချို့ထဲကတစ်ဦးဘဲ ဖြစ်ပါတယ်။ အ ခြားသော ALP အဖွဲ့ဝင် တွေက မောင်တော မြောက်ပိုင်းမှာ တည်ငြိမ် အေးချမ်းမှု တွေပျက်ပြား အောင် အ မြဲ ကြိုးစား နေကြတယ်။ သူတို့က မြန်မာ အစိုးရကို တပြိုင်တည်း လုပ်ကြံ နေကြတာ ဖြစ်ပါတယ်။” ဟု အဆို ပါ ဒေသခံမှ ဆက်လက် ပြောပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus