နောက်ဆုံးသတင်း/ဆောင်းပါးများ

ကလေး ၃ ဦး၏ မိခင်ကို စစ်သား ၄ ဦးမှ ၀ိုင်း၍ မုဒိန်းကျင့်

RB News
23.1.2014

မောင်တော ။ ။ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊အမှတ်(၂) နယ်မြေရှိ၊ ဘောက်ရှု ဖာရာ (အောင်ဇံ) ကျေး ရွာ အုပ်စု၊ ဘောဒ္ဓောရ် ဘိလ်မှ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးအား နယ်မြေတွင် လုံခြုံရေး တာဝန် ယူထား သည့် တပ်မတော်သား ၄ ဦးမှ အုပ်စုလိုက် မုဒိန်းကျင့် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇန်န၀ါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တော မြို့နယ် ဘောက်ရှု ဖာရာ (အောင်ဇံ) ကျေး ရွာ အုပ်စု၊ ဘောဒ္ဓောရ် ဘိလ်မှ ဦးနော်ဇီရ် အာမတ်၏ ဇနီးဖြစ်သူ ဒေါ်အမီနာ ခါတူ (ဘ) ဦးဒိလ်ဝါရ် ဟူစိန်း (အသက် ၃၀ နှစ်) ကို နယ်မြေ လုံခြုံရေး တာဝန် ယူထားသည့် တပ်မတော်သား ၄ ဦးက ဒေါ်အမီနာ ခါတူ ၏ နေအိမ်သို့ ကျူးကျော် ၀င်ရောက်၍ သေနတ်ဖြင့် ချိန်ကာ အုပ်စုလိုက် တစ်ဦးပြီး တစ်ဦး အလှည့်ကျ မုဒိန်းကျင့် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

လူမဆန်သည့် တပ်မတော်သား ၄ ဦး နေအိမ်သို့ ကျူးကျော် ၀င်ရောက် လာချိန်တွင် ဒေါ်အမီနာ ခါတူ၏ ခင်ပွန်း ဖြစ်သူမှာ စိုက်ခင်း ထဲတွင် အလုပ်လုပ်လျက် ရှိနေခဲ့ပြီး၊ ဒေါ်အမီနာ၏ ကလေး ၃ ယောက် နေအိမ် တွင် ရှိနေ ခဲ့သည်။ ကလေး များကိုလည်း သေနတ်ဖြင့် ချိန်၍ ခြိမ်းခြောက် ထားခဲ့ကြောင်း သိရှိ ရပါသည်။ 

မုဒိန်းကျင့်သည့် တပ်မတော်သား များမှာ တပ်ရင်း ၃၄၅ မှဖြစ်ပြီး၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သော် တာဆွေသို့ တိုင်ကြားခဲ့သော်လည်း မုဒိန်းကောင် တပ်မတော်သားများကို အရေး ယူခြင်း မ ရှိကြောင်း ဒေ သခံ များက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus