နောက်ဆုံးသတင်း/ဆောင်းပါးများ

သန်းခေါင် စာရင်းမှာ ရိုဟင်ဂျာလို့ ဖြည့်ရင် အရေးယူမယ်တဲ့လား?



နေဆန်းလွင်
RB News
13.2.2014

The Voice Weekly က ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ “သန်းခေါင် စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း လျှင် အရေးယူ ခံရမည်ဟု လ.ဝ.က ဝန်ကြီးဆို” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြ ခဲ့တဲ့ သတင်းကြောင့် စိတ်မ သက် မသာ မဖြစ်ခဲ့ ပေမယ့်၊ ရိုးသားတဲ့ တောသူ တောင်သား တွေကို အောက်တန်း ကျတဲ့ ဉာဏ်နီ ဉာဏ် နက်နဲ့ လှည့်ကွက် သုံးပြီး ခြိမ်းခြောက်တာ ဖြစ်လို့ အခုလို စာရေးဖို့ အကြောင်းဖန် လာပြန် ပါတယ်။ 

The Voice Weekly မှာရေးထားတဲ့ သတင်း ခေါင်းစဉ်နဲ့ သတင်း အပြည့် အစုံက တခြားစီ ဖြစ်နေ ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး၊ သုဝဏ္ဏ အားကစား ရုံမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ လူဝင်မှု ကြီး ကြပ်ရေး ၀န် ကြီး ဦးခင်ရီက ဒီလိုပြောခဲ့ ပါတယ်။ 

“သူ့နှုတ်က ပြောတဲ့ ရွေးချယ် ပိုင်ခွင့်ကို ကျွန်တော် တို့က လိုက်ရေးမှာ ဖြစ်ပါတယ်။ သူက ကကြီး လို့ ပြော လိုက် ရင် ဒီလို အသုံး အနှုန်းကို ကျွန်တော် မသုံးချင် ပါဘူး။ သူက ကကြီးလို့ ပြောရင် ကကြီး လို့ ဖြည့်ပေး လိုက်မှာပဲ ဖြစ်ပါတယ်။ အဲဒီ အတွက် ဖြစ်လာမယ့် အကျိုးဆက် တွေက ကျွန်တော် စောစော က ပြော သလိုပေါ့။ ဒီလို ကကြီးကို ရိုဟင်ဂျာလို့ ပြောလိုက်ရုံနဲ့ ရိုဟင်ဂျာ လူမျိုးကို ဗမာ ပြည်မှာ ရိုဟင်ဂျာ လူမျိုးက ၁၃၅ မျိုးထဲမှာ ပါတယ်လို့ အသိ အမှတ် ပြုမှာ မဟုတ်ဘူး။ အဲဒီလို ပြောလိုက် ရုံနဲ့ နိုင်ငံ သား ဖြစ် သွားမှာ မဟုတ်ဘူး။”

ဦးခင်ရီ ပြောတဲ့ အထဲမှာ ရိုဟင်ဂျာလို့ ဖြည့်ရင် အရေး ယူမယ်၊ ဖြည့်လို့ မရဘူးလို့ ပြောသွားတာ တစ်ခုမှ မပါ ပါဘူး။ The Voice Weekly က ရိုဟင်ဂျာဟု ထည့်သွင်းလျှင် အရေးယူ ခံရမည်ဟု လ.၀.က ၀န်ကြီးဆို လို့ ခေါင်းစဉ် တပ်ခဲ့ ပေမယ့် ဦးခင်ရီက အရေး ယူမယ်လို့ ပြောတာကို သတင်း အပြည့် အစုံမှာ ရေး သား နိုင်ခြင်း မရှိခဲ့ဘူး။ ဘာကြောင့် မရေးနိုင် ခဲ့သလဲ ဆိုတော့ ကျွန်တော် စောစော က ရေးသလို ဘဲ အောက်တန်း ကျတဲ့ ဉာဏ်နီ ဉာဏ်နက်နဲ့ လှည့်ကွက် သုံးပြီး ခြိမ်းခြောက်တာ ဆိုတော့ The Voice Weekly က ဘယ်အတန်း ထဲက မီဒီယာလဲ ဆိုတာ သူ့အဆင့် အတန်းကို သူ့ဟာသူ ဖော်ပြ သွားတာ ဖြစ် ပါ တယ်။ အဆင့် အတန်း မရှိတဲ့ မီဒီယာကို ဝေဖန်ပြီး ရေးမယ် ဆိုရင်လည်း ကျွန်တော့် လက်ညောင်း တာ ဘဲ အဖတ် တင် ပါလိမ့်မယ်။ စိတ်ဓါတ် အောက်တန်းကျ သူတွေရဲ့ အတွေး အခေါ် တွေကို ပြောင်းလဲ ပစ်ဖို့က သူတို့ကိုယ် သူတို့ အောက်တန်း ကျတယ်လို့ မြင်နိုင် မှသာ ပြောင်းလဲလို့ ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ သူတို့ အောက်တန်း ကျတဲ့ ကိစ္စကို အကျယ် တ၀န့် မရေးတော့ ပါဘူး။

နောက်တစ်ချက် ရေးထားတာ ကတော့ “သန်းခေါင် စာရင်း ကောက်ယူ ရာတွင် ဖြေဆိုရန် ငြင်းဆိုခြင်း၊ သိလျက်နှင့် မှားယွင်း ဖြေဆိုခြင်း သို့မဟုတ် မှားယွင်း ဖြည့်သွင်းကြောင်း ပြစ်မှု ထင်ရှားလျှင် တစ်လထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ပြစ်ဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးကို ဖြစ်စေ ချမှတ် နိုင်ကြောင်း လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင် စာရင်း ဥပဒေတွင် ဖော်ပြသည်။” လို့ The Voice Weekly ရဲ့သတင်းမှာ ရေးထား ပါတယ်။ 

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်က ဥပဒေ အမှတ် (၁၉) အဖြစ် အတည် ပြု ပြဌာန်း ခဲ့တဲ့ “လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေ” မှာ မည်သူတစ်ဦး တစ်ယောက် ကို မှ ဘယ်လူမျိုး မဖြည့်ရဘူး၊ ဘယ်လူမျိုးကို အသိ အမှတ် မပြုဘူး၊ အရင်က ကကြီး လူမျိုး ဖြစ်လို့ အခု ခခွေး လူမျိုး ဖြည့်ရင် မှားယွင်းစွာ ဖြည့်သွင်းမှုနဲ့ အရေးယူ ခံရမယ်လို့ ရေးသား ပြဌာန်း ထားတာ လုံးဝ (လုံးဝ) မပါဘူး။ အဲဒီ ဥပဒေရဲ့ ပုဒ်မ ၁၆ (ဂ) မှာ - သန်းခေါင် စာရင်း ကောက်ယူသည့် အခါ မမှန်မကန်ဖြေ ဆိုစေရန်မေးခွန်းဖြေဆို မည့်သူအား တိုက်တွန်းခြင်း၊ခြိမ်းခြောက်ခြင်း သို့မဟုတ် သွေးဆောင်   ဖြားယောင် ခင်း မပြု  ရ -- လို့ ရေးသား ပြဌာန်းထား ပါတယ်။ 

ဖေဖော်ဝါရီလ (၁၀) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးခင်ရီက “ရိုဟင်ဂျာလို့ ပြောတယ် ဆိုပါစို့။ ဥပမာ အားဖြင့် ပြောတယ် ဆိုရင် ကျွန်တော် တို့က နိုင်ငံတကာ စံနှုန်းတွေ လူ့အခွင့် အရေး အရ သူပြောတဲ့ အပေါ်မှာ လူ့အခွင့် အရေး စံနှုန်း အတိုင်း လိုက်နာ အကောင် အထည်ဖော် ဆောင်ရွက် ရမယ့် သဘော မျိုး ဖြစ်နေတယ်” လို့ပြောခဲ့ ပါတယ်။ 

အဲဒါကြောင့် လ.၀.က ၀န်ကြီး ကိုယ်တိုင်၊ ပြီးတော့ ပြည်ထောင်စု လွှတ်တော်က ပြဌာန်း ထားတဲ့ ဥပဒေမှာ ဘာမှ မပြောထားတဲ့ ကိစ္စ တစ်ခုကို The Voice Weekly က “ရိုဟင်ဂျာလို့ ထည့်သွင်းမယ် ဆိုရင် အရေးယူ ခံရမယ်” လို့ရေးသားပြီး ခြိမ်းခြောက်တဲ့ အတွက် The Voice Weekly က ပြည်ထောင်စု လွှတ်တော်က ပြဌာန်း ထားတဲ့ ဥပဒေ အမှတ် (၁၉) လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင် စာရင်း ဥပဒေ” ပုဒ်မ ၁၆ (ဂ) နဲ့ငြိစွန်း နေပါပြီ။ အဲဒီတော့ ဥပဒေအရ ရိုဟင်ဂျာလို့ ဖြည့်မယ့် သူတွေ အရေးယူ ခံရမလား၊ “ရိုဟင်ဂျာလို့ ရေးရင် အရေးယူ ခံရမယ်” လို့ခြိမ်းခြောက်ပြီး ရေးတဲ့ The Voice Weekly ကိုယ် တိုင် အရေးယူ ခံရမလား ဆိုတာ သေချာ စဉ်းစား ကြည့်ပါ။ တရား ဥပဒေ စိုးမိုးတဲ့ နိုင်ငံမှာ ဆိုရင် အခုလောက် ဆို The Voice Weekly ရဲ့အယ်ဒီတာချုပ် အချုပ်ခန်းထဲ ရောက်နေ ပါပြီ။ 

မြန်မာ နိုင်ငံရဲ့ ဥပဒေက ကိုးကွယ်တဲ့ ဘာသာ အပေါ် လိုက်ပြီး အသက်ဝင် နေတော့လည်း .. 

Comment ရေးရန်

Rohingya Exodus