နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော၊ ငါးစားကြိုးရွာမှ အိမ်တစ်အိမ်ကို လုံထိန်းများ ၀င်ရောက်၍ လုယက်

MYRAF
RB News
1.2.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ငါးစားကြိုး (နှိုက်စာ ဖူရူ) ကျေးရွာသို့ လုံထိန်းများ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ အိမ်မှ ရွှေ၊ ငွေ၊ ပစ္စည်းများ လုယက် ခဲ့ကြောင်း သတင်း ရရှိ ပါ သည်။ 

ယနေ့ နံနက် လင်းအားကြီး (၁)နာရီ အချိန်တွင် လုံထိန်းနှင့် ရခိုင် အစွန်းရောက် အင်အား၂၀ ခန့်တို့ သည် မောင်တော မြို့နယ်၊ ငါးစားကြိုး (နှိုက်စာ ဖူရူ) ကျေးရွာသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ တစ် ဦး ဖြစ်သူ ဦးဟာလာ (ဘ) ဦးနဇီရ် အဟမတ်၏ နေအိမ်မှ ရွှေ၊ ငွေ၊ ပစ္စည်းများ လုယက် ခဲ့ကြောင်း ဒေသခံ တစ် ဦးက RB News သို့ ပြောပါသည်။ 

လုံထိန်းများနှင့်ရခိုင်အစွန်းရောက်အင်အား ၂၀ ခန့် တို့သည် ဦးဟာလာ၏ နေအိမ် အတွင်းသို့ ၀င်ရောက်၍ မိသားစု ၀င်အားလုံးကို သေနတ် များဖြင့် ချိန်ရွယ်ကာ ခြိမ်းခြောက် ထားပြီး၊ နေအိမ်တွင်းမှ ငွေသား ကျပ် ၁၀ သိန်း ၅ သောင်း၊ အ၀တ် အထည်များ၊ ရွှေများကို လုယက် ခဲ့သည့် အပြင် ဦးဟာလာ၏ သမီး၏ နား တွင် ပန်ထားသည့် နားကတ်ကို မပေးသဖြင့် သမီးငယ်ကို ရိုက်နှက်ကြရာ ခေါင်းကွဲ၍ ဒဏ်ရာ ရခဲ့ကြောင်း သိရှိ ရပါသည်။ 

လုယက်သည့် လုံထိန်း များမှာ အဆိုပါ ရွာအနီးရှိ ရဲကင်း စခန်းသို့ အသစ် ပြောင်းရွှေ့ လာသည့် လုံထိန်း များ ဖြစ်ပြီး၊ မကြာသေးခင် ရက်ပိုင်းက ရွာထဲတွင် တွေ့ရှိ သဖြင့် ရွာသားများ အားလုံးမှ မှတ်မှတ် ရရ ရှိသူ များ ဖြစ်ကြောင်း အိမ်ရှင်ဖြစ်သူ ဦးဟာလာက ပြောသည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ 

လုံထိန်း များနှင့် အစွန်းရောက် အဖွဲ့သည် ၎င်းတို့ စိတ်ကြိုက် လုယက်၍ နံနက် ၃ နာရီ အချိန်တွင် ဦးဟာ လာ၏ နေအိမ်မှ ထွက်ခွာ သွားခဲ့ကြောင်း သတင်း ရရှိ ပါသည်။


Comment ရေးရန်

Rohingya Exodus