April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဓါးဖြင့်ခုတ်ခံရသူကို စုံ/ကော်က ဆေးရုံတင်ပေးပြီးနောက် ရဲများက ဖမ်းဆီးလိုက်

RB News
23.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရားတန်းရွာသို့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ရောက်ရှိစဉ်က ဒေသခံ ရွာသား တစ်ဦးကို ဓါးဖြင့်ခုတ် ခံရသည့် ဒဏ်ရာများဖြင့် တွေ့ရှိ ခဲ့သဖြင့် မောင်တောမြို့ ပြည်သူ့ ဆေးရုံကြီးသို့ ဆေးကုသရန် ပို့ခဲ့သော်လည်း မောင်တောမြို့မှ ကော်မရှင် ထွက်ခွာပြီးနောက် ရဲများက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဒုချီရားတန်း ကျေးရွာသို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရောက်ရှိခဲ့စဉ်က သေနတ် ဒဏ်ရာ ရရှိထားသူတစ်ဦး၊ ဓါးဒဏ်ရာ ရရှိထားသူ တစ်ဦးတို့နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ဓါးဒဏ်ရာ ရရှိထားသူ ဦးဇီယာဘူ (ဘ) ဦးမာမတ်အာမီးန် (အသက် ၃၀ နှစ်ဝန်းကျင်) ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က တာဝန်ယူ၍ မောင်တောမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသရန် ပို့ပေးခဲ့သည်။

စုံစမ်းရေး စစ်ဆေးရေး ကော်မရှင်သည် မောင်တောမြို့မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထွက်ခွာခဲ့ပြီးနောက် နှစ်ရက်အကြာ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) က ရဲများက ဦးဇီယာဘူကို ဆေးရုံမှ ခေါ်၍ မိသားစုများ ရှိရာရွာသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် မိသားစုများနှင့် ဓါတ်ပုံရိုက်ယူပြီး၊ မိသားစု များကို ပြန်လည် မအပ်နှံဘဲ၊ ပြန်လည် ခေါ်ဆောင်သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ မိသားစုများနှင့် ဓါတ်ပုံရိုက်ယူခြင်းမှာ ကော်မရှင်မှ မေးမြန်းပါက မိသားစုများကို ပြန်လည်အပ်နှံခဲ့သည်ဟု လိမ်ညာရန် ဖြစ်သည်။

ဦးဇီယာဘူသည် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒုချီရားတန်းရွာတွင် ဇန်န၀ါရီလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် ဖြစ်ပျက်ခဲ့သည် များကို အမှန်အတိုင်း ဖွင့်ဟခဲ့သူ တစ်ဦးဖြစ်သည်။ ယခုအခါ ကော်မရှင် အဖွဲ့ ပြန်သွားပြီးနောက် ၎င်းကို ဖမ်းဆီးသွားခြင်း ဖြစ်ပြီး မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကို မသိရှိ ရသဖြင့် မိသားစုများက ၎င်းကို သတ်ဖြတ်ပစ်မည်ကို အထူးစိုးရိမ်လျက် ရှိကြသည်။

ဒေသခံများက စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဆက်သွယ်၍ အကြောင်းကြားရန် ကြိုးစားသော်လည်း ကော်မရှင်မှ ၎င်းတို့ကို ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်များ မပေးခဲ့သဖြင့် အကြောင်းကြား၍ မရဖြစ်နေကြောင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်က စစ်ဆေး မေးမြန်းခဲ့သည့် သူများ၏ အသက်အန္တရာယ်ကို ကာကွယ်ပေးရန် အထူးလိုအပ်ကြောင်း၊ ယခုအခါ ကော်မရှင်နှင့် တွေ့ဆုံ၍ အမှန်အတိုင်း ထွက်ဆိုခဲ့သူများမှာ ၎င်းတို့၏ အသက်အန္တရာယ်ကို စိုးရိမ်လျက် ရှိကြောင်း RB News သို့ပြောပါသည်။



Comment ရေးရန်

Pages 22123456 »
Rohingya Exodus