နောက်ဆုံးသတင်း/ဆောင်းပါးများ

အစ္စလာမ်ဘာသာသို့ ကူးပြောင်းသည်ကို အကြောင်းပြု၍ ထောင်ထဲတွင် လူမဆန်စွာရိုက်နှက်

Hla
RB News
25.2.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အကျဉ်းထောင်တွင် ထောင်ပြောင်း၍ ရောက်ရှိလာသော အကျဉ်းသား တစ်ဦးကို အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့သည်ကို အကြောင်းပြု၍ သော့ကိုင်က လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်တွေမြို့ အကျဉ်းထောင်သို့ ထောင်ပြောင်း ရောက်ရှိလာသော ဦးကျော်သန်း (ဘ) ဦးကျော်ကြီးအောင် (၁၄/တစ - ၈၂ က) ဆိုသူကို အစ္စလာမ် ဘာသာသို့ ကူးပြောင်းခဲ့သည်ကို အကြောင်းပြု၍ သော့ကိုင် ဦးရွှေစောက လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း စစ်တွေ အကျဉ်းထောင်မှ လွတ်မြောက်လာသူ တစ်ဦးက ပြောပါသည်။

ဦးကျော်သန်းသည် လွန်ခဲ့သည့် ငါးနှစ်က ၎င်း၏ ကိုယ်ပိုင် စိတ်ဆန္ဒဖြင့် ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်း ခဲ့သူဖြစ်သည်။ အကျဉ်းထောင်ထဲတွင် အကျဉ်းသား၏ ကိုးကွယ်သည့် ဘာသာကို မေးမြန်း၍ စွက်ဖက် ပြောဆိုခွင့် မရှိသော်လည်း ဥပဒေမဲ့ မင်းမဲ့စရိုက် ဆန်ဆန် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ဦးရွှေစောသည် ထောင်မှူး ဦးဝင်းမောင်၏ အားကိုးရသည့် တပည့်တစ်ဦး ဖြစ်သည့် အတွက် ရုံးသော့ကိုင် ရာထူးကို ရရှိထားသူ ဖြစ်သည်။ ၎င်းသည် ထောင်ထဲတွင် WY စာတမ်းပါ မူးယစ်ဆေးဝါးများ၊ ဆေးခြောက်များ ရောင်းချနေသူ တစ်ဦး ဖြစ်သည်ဟု သိရှိရပါသည်။


စစ်တွေ အကျဉ်းထောင် (ဓါတ်ပုံ - New Mandala)

Comment ရေးရန်

Rohingya Exodus