နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာလူငယ် တစ်ဦးကို ရခိုင်များက ဓါးဖြင့်ခုတ်ရန် ကြိုးစား

Hla
RB News
25.2.2014

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပိုက်သည် ကျေးရွာ အုပ်စုတွင် ငါးပိုက်ချနေသည့် ရိုဟင်ဂျာ လူငယ်တစ်ဦးကို ရခိုင် အစွန်းရောက် များက ဓါးဖြတ်ခုတ်ရန် ကြိုးစားခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ညပိုင်း ၉ နာရီခန့်တွင် ကျောက်တော်မြို့နယ်၊ ပိုက်သည် ကျေးရွာအုပ်စု၊ အောက်ပိုက်သည် ကျေးရွာမှ မိုဟာမတ် ခါလိဒ် (ဘ) ဦးကာလူ (အသက် ၂၀ နှစ်) သည်မိသားစုများ စားဝတ်နေရေး အတွက် ကုလားတန်မြစ်တွင် ပိုက်ချ၍ ငါးဖမ်းနေစဉ် စက်လှေ တစ်စီးဖြင့် ရခိုင် အစွန်းရောက်များ ရောက်ရှိလာပြီး ကောင်းမွန်စွာ နှုတ်ဆက်၍ အနားကပ်လာပြီး ဓါးဖြင့် ခုတ်ရန် ကြိုးစားစဉ် မိုဟာမတ်ခါလိဒ်မှ ရွာသားများကို အော်ဟစ်၍ အကူအညီ တောင်းခံခဲ့သည်။ အနီးအနားမှ ရွာသားများ အချိန်မှီရောက်ရှိ လာခဲ့ခြင်းကြောင့် အစွန်းရောက်များက ဓါးဖြင့်ခုတ်ရန် အလျင်မမှီဘဲ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ကျောက်တော်မြို့နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်များမှာ ၂၀၁၂ ခုနှစ် နှစ်လယ်မှစ၍ ရရာ ကျပန်း အလုပ်လုပ်ကိုင်၍ မိသားစုများ၏ စားဝတ်နေရေးကို ဖြေရှင်း နေရပြီး၊ သွားလာမှုများကိုလည်း ယခင်ကထက် ကန့်သတ် ထားခြင်းကြောင့် မိမိတို့၏ အနီးအနားရှိ လယ်ယာမြေများတွင် ရရာ အလုပ်ကြမ်းများကိုသာ လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုနေရသည်။ ဒေသတွင်း အခြေအနေ တည်ငြိမ် အေးချမ်းလာသော်လည်း နိုင်ငံတော် အစိုးရမှ လွတ်လပ်စွာ သွားလာ လုပ်ကိုင်ခွင့်များကို မပေးဘဲ အမိုးဖွင့် အကျဉ်းထောင်များထဲတွင် ထားသကဲ့သို့ ဆက်လက် ထားရှိနေသည်ဟု ဒေသခံများက ပြောပါသည်။

ကျောက်တော်မြို့ ကုလားတန်မြစ် (ဓါတ်ပုံ - Google)

Comment ရေးရန်

Rohingya Exodus