နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ကြပ်ကြီးကို အမျိုးသမီး တစ်ဦး မဆက်သသည့် အတွက် ရွာသားများကို ရိုက်နှက်

RB News
7.2.2014

မြောက်ဦး ။ ။ ရခိုင် ပြည်နယ်၊ မြောက်ဦး မြို့နယ်၊ ပရိန်ကုန်း ရွာအနီးရှိ ခလရ ၃၇၆ မှ တပ်ကြပ်ကြီး တစ်ဦးသည် ရွာအတွင်းသို့ ၀င်ရောက်၍ ၎င်းအား အမျိုးသမီး တစ်ဦး ဆက်သရန် ခြိမ်းခြောက် ပြောဆိုရာ ရွာသား များက မပေးနိုင်ကြောင်း ပြောသဖြင့် ရွာသား များကို ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မြောက်ဦးမြို့နယ်၊ ပရိန်ကုန်းရွာနှင့် ကိုက် ၅၀ ခန့်အကွာရှိ ခလရ ၃၇၆ မှတပ်ကြပ်ကြီး သန်းဦး သည် ဖေဖော်ဝါရီ လ ၅ ရက်နေ့တွင် ပရိန်ကုန်း ရွာအတွင်းသို့ ၀င်ရောက်၍ ရွာသား များကို ၎င်းအား ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဆက်သရန်ခြိမ်းခြောက်၍ပြောဆိုရာ ရွာသား များက မပေး နိုင်ကြောင်း ပြန်ပြော သဖြင့် ရွာသား များကို အကြမ်းဖက် ရိုက်နှက် ခဲ့ကြောင်း ရိုဟင်ဂျာ တိုင်းရင်း သား လူ ငယ် ကွန်ယက်က RB News သို့ ပြောပါသည်။ 

၎င်းတပ်ကြပ်ကြီး သန်းဦးသည် ယခင်ကလည်း နေ့စဉ် ရက်ဆက် လမ်းသွား လမ်းလာသည့် ရွာသား များ ကို အကြောင်းမဲ့ အကြိမ်ကြိမ် ရိုက်နှက် ခဲ့ပြီး၊ ရွာသား များက သက်ဆိုင်ရာ အာဏာပိုင် များကို တင်ပြ ခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း၊ အဆိုပါ တပ်ကြပ်ကြီး သန်းဦးမှာ ရခိုင် လူမျိုးဟု ယူ ဆရကြောင်း၊ ယခုကဲ့သို့ ဆက်လက် လုပ်ဆောင် နေမည် ဆိုပါက မလိုလားအပ် သည့် ပြဿ နာ များ ဖြစ်ပွား လာနိုင်ကြောင်း ရိုဟင်ဂျာ တိုင်းရင်းသား လူငယ် ကွန်ယက် က ပြောပါ သည်။ 

ရခိုင် ပြည်နယ် တောင်ပိုင်းရှိ အခြား မြို့နယ် များတွင်လည်း အတင်း အဓမ္မ ခေါ်ယူ သွားပြီး မုဒိန်းကျင့်ခြင်း၊ စစ်တပ် စခန်း များတွင် လိင်လုပ်သား များသဖွယ် ထိန်းသိမ်း ထားခြင်းများ အများ အပြား ရှိနေကြောင်း ရိုဟင်ဂျာ တိုင်းရင်းသား လူငယ် ကွန်ယက်မှ ကိုကျော်ဇောအောင်က RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus