နောက်ဆုံးသတင်း/ဆောင်းပါးများ

ဂေါ်ဒူသာရ ကျေးရွာမှ အိမ်နှစ်လုံး မီးရှို့ခံရ

RB News
7.2.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဂေါ်ဒူသာရ ကျေးရွာ အုပ်စုရှိ ရိုဟင်ဂျာ လူမျိုး များ၏ နေအိမ် နှစ်လုံး မီးရှို့ ခံရကြောင်း သတင်း ရရှိ ပါသည်။ 

ယနေ့ နံနက် လင်းအားကြီး နံနက် (၁) နာရီ (၁၀) မိနစ် အချိန်တွင် ဦးအဒူ ဂဖာရ်၏ နေအိမ်ကို ရခိုင် အစွန်းရောက် များက စတင် မီးရှို့ ခဲ့ပြီး၊ ဦးအဒူ ဂဖာရ်၏ နေအိမ်နှင့် ကပ်လျက် ရှိသော ဦးဂုရာမျာ၏ နေအိမ်လည်း မီးကူး၍ လောင်ကျွမ်း သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

မီးရှို့မှုကြောင့် နေအိမ် နှစ်လုံး ပြာကျ သွားပြီးနောက် မီးငြိမ်း သတ်နိုင် ခဲ့ကြောင်း သိရှိ ရပါသည်။ အဆိုပါ ရွာသည် လွန်ခဲ့သည့်လက အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရသည့် ဒုချီရာတန်း ရွာနှင့် အနီးဆုံး ရွာဖြစ်ပြီး၊ ရွာနှင့် ကပ်လျက်တွင် ရဲကင်း စခန်း ရှိကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus