နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုရဲအုပ်က ရွာသားများကို ဥပဒေနှင့် မလွတ်ကင်းသော အလုပ်များ လုပ်ခိုင်း၍ ငွေရှာလျက်ရှိ

RB News
11.2.2014

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် ရဲကင်း စခန်းမှ ဒုရဲအုပ် ဦးကျော်သည် ဒေသခံ များထံမှ ငွေညှစ်ခြင်း၊ ဒေသခံ များကို ဥပဒေနှင့် မလွတ် ကင်းသော အတင်း အဓမ္မ ခိုင်းစေ၍ ငွေရှာလျက် ရှိနေကြောင်း သတင်း ရရှိ ပါသည်။ 

ညောင်ချောင်း အခြေစိုက် ဒုရဲအုပ် ဦးကျော်နှင့် အဖွဲ့သည် ဦးဆယာဒ် ကရီးမ်၏ သားများ ဖြစ်သူ ဦးမာမတ် ဆီးဒိတ် (အသက် ၃၂ နှစ်) နှင့် ဦးအဒူဂနီ (အသက် ၄၀ နှစ်) တို့ကို ဘင်္ဂလား ဖုန်းတစ်လုံး ပေး၍ မလေးရှားသို့ လူကူန်ကူးသည့် လုပ်ငန်းကို ကြီးကြပ် စေခြင်း၊ မူးယစ် ဆေးဝါး ရောင်းဝယ် ခိုင်းခြင်း၊ ဒေသတွင်းရှိ အခြားသော စီးပွားရေး လုပ်ငန်း များကို ထိန်းချုပ် စေခြင်းနှင့် ဒေသခံ များကို လစဉ်ကြေး ပေး၍ ဘင်္ဂလား ဖုန်းသုံးစွဲရန် စည်းရုံး ခိုင်းခြင်း များကို အတင်း အဓမ္မ ခိုင်းစေလျက် ရှိကြောင်း သိရှိ ရပါသည်။ ၎င်းတို့ ညီအစ်ကို နှစ်ဦးအား ဒုရဲအုပ် ဦးကျော်နှင့် အဖွဲ့က အကယ်၍ ၎င်းတို့ ခိုင်းစေသည် များကို မလုပ်ပါက ထောင်ချမည်ဟု ခြိမ်းခြောက် ထားသည်ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဖေဖော်ဝါရီလ ၆ ရက်နေ့က စိန်တောင်ပြင် ရွာမှ ဦးအူလာမျာ (ဘ) ဦးနော်ဇူမျာကို ဒုရဲအုပ် ဦးကျော်နှင့် အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ဘူးသီးတောင် ရဲစခန်း အချုပ်တွင် လေးရက် တိတိ ညှဉ်းပန်း နှိပ်စက်ကာ ငွေကျပ် လေးသိန်း ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ထို့အပြင် ၎င်းတို့က အခြားသော ရိုဟင်ဂျာ များစွာကို ဖမ်းဆီးရန် ရှိသည်၊ ဖမ်းဆီးခံ ရမည်ကို မလိုလားပါက ကြိုတင် လာရောက်၍ ညှိနှိုင်း မှသာ သက်သာ လိမ့်မည် ဖြစ်ကြောင်း ဥပဒေမဲ့ ပြောဆိုကာ ခြိမ်းခြောက် လျက်ရှိကြောင်း သိရှိ ရသည်။ ဒုရဲအုပ် ဦးကျော်နှင့် အဖွဲ့သည် ဒေသတွင်းရှိ စီးပွားရေး သမားများ၊ ထင်းခုတ် သမား၊ လယ်သမား များထံမှ မကြာခဏ အကြောင်းမဲ့ ငွေညှစ်လေ့ ရှိကြောင်း ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus