နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုချီရာတန်းမှ အသတ်ခံရသူ ၅ ဦး စာရင်း ထပ်မံ ရရှိ

RB News
11.2.2014

မောင်တော ။ ။ ဇန်န၀ါရီလ ၁၃ ရက်နေ့က မောင်တော မြို့နယ်၊ ဒုချီရာတန်း ရွာတွင် လုံခြုံရေး ရဲများနှင့် ရခိုင် အစွန်းရောက် များက အပြစ်မဲ့ ရိုဟင်ဂျာ ရွာသား များကို အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့ သည် ကို မြန်မာ အစိုးရမှ ငြင်းဆန်လျက် ရှိသော်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာ နိုင်ငံ အမျိုး သား လူ့ အခွင့်အရေး ကော်မရှင်ကို အသတ်ခံရသူ ၅၂ ဦး စာရင်းကို ဒေသခံ ရွာသား များမှ တင်ပြ ခဲ့ သည်။ 

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အသတ်ခံရသူ ၅၂ ဦး၏ စာရင်းကို တင်ပြ ခဲ့သော်လည်း စာရင်း မရရှိ သယောင် လိမ်ညာ၍ မီဒီယာ များသို့ ပြောကြား ခဲ့သည်။ အသတ်ခံ ရသူများ၏ အလောင်း များကို အာဏာပိုင်များက သယ်ယူ၍ အပြီးတိုင် ဖျောက်ပစ် ခဲ့သည်။ အခင်း ဖြစ်ပွားသည့် နေ့မှ စ၍ ယခု အချိန် ထိ အမျိုးသမီး များနှင့် ကလေး ၅၀၀ ကျော်သာ ဒုချီရာတန်းသို့ ပြန်လည် ရောက်ရှိ ခဲ့ပြီး၊ အများစုမှာ အခြားရွာ များတွင် ခိုလှုံလျက် ရှိသည်။ 

ဇန်န၀ါရီလ ၂၈ ရက်နေ့က မီးရှို့ ခံရသည့် ဒုချီရာတန်း အနောက်ရွာမှ အိုးမဲ့အိမ်မဲ့ ဖြစ်ပွား သွားသူ များကိုလည်း အစိုးရမှ အကူအညီ မပေးသည့် အပြင် နိုင်ငံတကာ အန်ဂျီအို များမှ ကူညီ ပေးနိုင်ခြင်း မ ရှိကြောင်း သိရှိ ရပါသည်။ ဒုချီရာတန်း အရှေ့ရွာနှင့် အနောက်ရွာ များရှိ ဒေသခံ များ၏ ပိုင်ဆိုင်မှုများ အား လုံး လုယက်ခြင်း ခံရသဖြင့် လူသားချင်း စာနာသည့် အကူအညီများ အရေးပေါ် လိုအပ်လျက် ရှိကြောင်း ဒေသခံ များက RB News သို့ပြောပါသည်။ 

ထပ်မံရရှိသည့် အသတ်ခံ ရသူ (၅) ဦး --

(၁) ဦးအဘူကလာမ် (ဘ) ဦးဆယာဒ်အဟမတ် (အသက် ၄၀ နှစ်)
(၂) ရှောင်ဂျီဒါ (ဘ) ဦးအဘူကလာမ် (အသက် ၁၁ နှစ်)
(၃) ဒေါ်မောယ်လာခါတူ (ဘ) ဦးဒေါ်လ္လာ (အသက် ၆၅ နှစ်)
(၄) ဒေါ်အာလ်မာစ်ခါတူ (ခင်ပွန်း) ဦးအုလာမျာ (အသက် ၄၅ နှစ်)
(၅) ဟာလီမာခါတူ (ဘ) ဦးအုလာမျာ (အသက် ၁၅ နှစ်) -- တို့ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus