နောက်ဆုံးသတင်း/ဆောင်းပါးများ

ပေါက်တောမှ ရိုဟင်ဂျာ ဒုက္ခသည် အချို့ကို ရခိုင် အစွန်းရောက်များ တိုက်ခိုက်

ပေါက်တောမြို့ ငှက်ချောင်း ဒုက္ခသည်စခန်း (ဓါတ်ပုံ - AP)

Hla
RB News
18.2.2014

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငှက်ချောင်း ဒုက္ခသည်စခန်းမှ စစ်တွေမြို့ သဲချောင်း ယာယီဈေးတွင် ဈေးဝယ်ရန် လာသည့် ရိုဟင်ဂျာ ဒုက္ခသည် အချို့ကို အပြန်လမ်းတွင် ရခိုင်အစွန်းရောက် များက တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ဒုက္ခသည် တစ်ဦး သေဆုံး ခဲ့ရကြောင်း သတင်း ရရှိပါသည်။

ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည်များသည် ၎င်းတို့၏ စားဝတ်နေရေးနှင့် ကျန်းမာရေး အတွက် လိုအပ်သည့် ဆေးဝါးများကို စစ်တွေမြို့ သဲချောင်းရှိ ယာယီဈေးသို့ ရေလမ်းမှတဆင့် လာရောက်၍ ၀ယ်ယူသုံးစွဲ ရသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ငှက်ချောင်း ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် ၉ ဦးသည် စစ်တွေမြို့ သဲချောင်း ယာယီဈေးသို့ လာရောက်၍ ဈေးဝယ်ပြီး အပြန်လမ်းတွင် အနောက်ရဲ (အာနာရိုင်) ကျေးရွာ၌ ခေတ္တ အနားယူခဲ့သည်။ ထိုမှတဆင့် ည ၉ နာရီ အချိန်တွင် ငှက်ချောင်းသို့ ဆက်လက် ထွက်ခွာခဲ့ရာ ည ၁၁ နာရီခန့်တွင် ရခိုင်ရွာများ အနီး၌ စက်လှေ စက်ပျက်သွား ခဲ့ကြောင်း သိရှိရသည်။ 

စက်လှေပေါ်တွင် လိုက်ပါလာသူများမှ ငှက်ချောင်းသို့ ဖုန်းဆက်၍ စက်လှေတစ်စီးပို့ရန် အကူအညီ တောင်းနေစဉ် စက်လှေ ၈ စီးဖြင့် ရခိုင်အစွန်းရောက်များ ရောက်ရှိလာပြီး တိုက်ခိုက်သဖြင့် စက်လှေပေါ် လိုက်ပါလာသူ ၉ ဦးလုံး ရေထဲသို့ ခုန်ဆင်း၍ ထွက်ပြေးခဲ့ရသည်။ သို့သော်လည်း နှစ်ဦးမှာ ရခိုင်အစွန်းရောက် များ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ၆ ဦး ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း တစ်ဦးမှာ ရေမကူးတတ် သဖြင့် သေဆုံး ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ရခိုင်အစွန်းရောက်များ ဖမ်းဆီးသွားသူ နှစ်ဦးကို လူမဆန်စွာ ရိုက်နှက် နှိပ်စက်ပြီးနောက် လုံခြုံရေး တာဝန်ယူထားသည့် လုံထိန်း တပ်ရင်း ၃၄ မှလုံထိန်းများကို ခေါ်ယူ၍ အပ်နှံခဲ့သည်။ ထို့နောက် လုံထိန်းများက အဆိုပါ ရိုဟင်ဂျာ ဒုက္ခသည် နှစ်ဦးကို ငှက်ချောင်း ဒုက္ခသည် စခန်းသို့ ပြန်လည်ပေးပို့ ခဲ့ကြောင်း သိရှိ ရပါသည်။ 

ရေမကူးတတ်၍ သေဆုံးခဲ့ရသူမှာ ဦးအဒူဆောဖုရ် (ဘ) ဦးအဒူဂနီ ဖြစ်ပြီး၊ အလောင်းကို ယခုအချိန်ထိ ရှာဖွေ၍ မရသေးကြောင်း ဒေသခံများမှ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus