နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆင်ရိုင်းတစ်ကောင် သောင်းကျန်းနေသော်လည်း သစ်တောဦးစီးမှ တာဝန်မယူ

Sindi Khan
RB News
17.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ငန်းချောင်း ကျေးရွာ အုပ်စုတွင် မေယု တောင်တန်းမှ ဆင်ရိုင်း တစ်ကောင် ၀င်ရောက်၍ ယာခင်းများ၊ တဲများနှင့် နေအိမ်များကို ဖျက်ဆီး နေသော်လည်း သစ်တော ဦးစီးဌာနမှ တာဝန်ယူ ဖြေရှင်း မပေးကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ်၊ မေယု တောင်တန်းမှ ဆင်ရိုင်း တစ်ကောင်သည် ငန်းချောင်း ကျေးရွာအုပ်စု ဂူနာ ရွာနှင့် နိုက်ခ်တောင်န် ရွာများသို့ ၀င်ရောက်၍ ရိုဟင်ဂျာ လူမျိုး များ၏ ယာခင်းများ၊ တဲများ၊ နေအိမ် များနှင့် နေအိမ် အတွင်း သိုလှောင် ထားသည့် ဆန်စပါး များကို ဖျက်ဆီး လျက်ရှိရာ ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးဝင်းထွေးက မြို့နယ် အုပ်ချုပ်ရေးရုံးနှင့် သစ်တော ဦးစီးဌာန တို့ကို အကြောင်းကြား ခဲ့သည်။ 

သို့သော်လည်း သစ်တော ဦးစီးဌာနက ဆင်ရိုင်း လာရာ လမ်းတွင် လူများ မနေရန်၊ ဆင်ရိုင်းကို မမြင် ချင်လျှင် အဝေးသို့ ထွက်သွားရန်နှင့် ဆင်ရိုင်း ရှိရာနေရာတွင် တဲအိမ်များ မဆောက်လုပ်ရန် ကျေးရွာ အုပ် ချုပ်ရေးမှူး မှတဆင့် လူထုကို မှာကြားခဲ့ပြီး ဆင်ရိုင်းကို ဖမ်းဆီး၍ ဒေသခံများ အန္တရာယ် ကင်းအောင် လုပ်ဆောင် ပေးမည်ဟု ပြောကြားခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဆင် ရိုင်းကြောင့် နေ့စဉ် ယာခင်းများ ပျက်စီး နေရပြီး၊ မေယု တောင်တန်းသို့ ထင်းခုတ်ရန် သွားရန် အတွက် လည်း အခက်ကြုံလျက် ရှိသည်။ 

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကြက်ရိုးပြင်ရွာမှ ဒေသခံ ရိုဟင်ဂျာ အချို့သည် ငန်းချောင်း ကျေးရွာကို ဖြတ်သန်း၍ မေယု တောင်တန်းတွင် ထင်းခုတ်ရန် သွားခဲ့ရာ ညနေ (၄) နာရီခန့် တွင် ဆင်းရိုင်းကြီး၏ ရန်ပြုမှုကြောင့် ဦးမိုဟာမတ် ဇာဖောရ် (ဘ) ဦးရှော်ဖီ (အသက် ၅၀ နှစ်) ၏အသက် ဆုံးရှုံး ခဲ့ ရကြောင်း ဒေ သခံ တစ်ဦးက RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus