နောက်ဆုံးသတင်း/ဆောင်းပါးများ

ဥဒေါင်းရွာ အုပ်ချုပ်ရေးမှူး အလုပ်ဖြုတ်ခံရ၍ ငွေသိန်း ၅၀ ဖြင့် လာဘ်ထိုးရန် ကြိုးပမ်းလျက်ရှိ

RB News
5.2.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဥဒေါင်း ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး ဦးတင်မောင်က ဒေသခံ ရိုဟင်ဂျာ များကို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်းများ မကြာ ခဏ ပြု လုပ် နေ သည်ကို ဒေသခံ များမှ သတင်း ပေးပို့ ခဲ့ရာ RB News တွင် အကြိမ်ကြိမ် ဖော်ပြခဲ့သည်။ 

ဥဒေါင်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်မောင်ကို တာဝန်မှ ရပ်စဲရန် ရခိုင် ပြည်နယ် အစိုးရက မောင်တော ခရိုင် အုပ်ချုပ် ရေးမှူးရုံးသို့ လွန်ခဲ့သည့် တနင်္လာနေ့က ညွန်ကြားစာ ပေးပို့ ခဲ့သော်လည်း ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူး ရုံးတို့က ညွန်ကြားစာ အတိုင်း ဆောင်ရွက်ခြင်း မရှိသေးဟု စုံစမ်း သိရှိ ရပါသည်။ 

ဦးတင်မောင်ကို ယခင်ကလည်း အကြိမ်ကြိမ် သတိပေးခြင်း များရှိခဲ့ပြီး နောက်နောင် မပြုလုပ်ရန် ခံဝန် လက်မှတ်ထိုး ခိုင်းခြင်း များလည်း ရှိခဲ့ကြောင်း သိရသည်။ ဦးတင်မောင်သည် ၎င်း၏ အလုပ် မပြုတ်ရေး အတွက် ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူး များကို ငွေကျပ် သိန်း ၅၀ ဖြင့် လာဘ်ထိုးရန် ကြိုးပမ်း ခဲ့သော် လည်း ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူး များက ၎င်းပေးသည့် ငွေကို လက်ခံရန် ငြင်းဆို လိုက်သည်ဟု အုပ်ချုပ် ရေးမှူး ရုံးများနှင့် နီးစပ်သူ တစ်ဦးက RB News သို့ ပြောပါသည်။ 

ပြည်နယ် အစိုးရ၏ ညွန်ကြားချက် အတိုင်း အလုပ်ပြုတ် တော့မည့် ဥဒေါင်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦး တင်မောင်သည် ၎င်း၏ သားမက် ဖြစ်သူ အလယ်သံကျော် ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးမောင်သက်နိုင် အား ငွေကျပ် သိန်း ၅၀ ပေး၍ ယနေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့သို့ ပြည်နယ် အစိုးရအား လာဘ်ထိုး၍ ကြိုးစားရန် စေလွှတ် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

Comment ရေးရန်

Rohingya Exodus