နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ တိုင်းရင်းသား လူငယ် ကွန်ရက်၏ သဘောထား ထုတ်ပြန်ချက်

ရိုဟင်ဂျာ တိုင်းရင်းသား လူငယ် ကွန်ရက်၏ သဘောထား ထုတ်ပြန်ချက်

ဖေဖော်ဝါရီလ (၃) ရက်


(၁) ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်ရှိ ရခိုင် နတလ ရွာတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၊ ဦးအောင်ဇံဖြူနှင့် ရခိုင် အစွန်းရောက်များ ပူးပေါင်း၍ အကြမ်းဖက် သတ်ဖြတ် ခဲ့သော ရိုဟင်ဂျာ (၈) ဦး၏ အမှုမှန်ကို ဖော်ထုတ် အရေးယူ ပေးပါရန်။

(၂) ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီးရားတန်း ရွာတွင် ၁၃-၁-၂၀၁၄ ရက်နေ့တွင် ရဲတပ်ဖွဲနှင့် ရခိုင် အကြမ်းဖက် သမားများ ပူးပေါင်း၍ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ လုယက်ခြင်း များပြုလုပ် ခဲ့ခြင်း များကို ထိရောက်စွာ အရေးယူ ပေးပါရန်။ 

(၃) ခရေမြိုင် ရခိုင်ရွာနှင့် ပတ်ဝန်းကျင်ရှိ နတလ ရခိုင်ရွာ များမှ ရခိုင် အစွန်းရောက်များ ဦးဆောင် တိုက်ခိုက်ခြင်းကို ကင်းချောင်း ရဲကင်း စခန်းမှ ရဲတပ်ဖွဲ့ များက ရခိုင် အစွန်းရောက် များဘက်က ရပ်တည်၍ အကာ အကွယ် ပေးခဲ့ပြီး၊ ရိုဟင်ဂျာ ပြည်သူ များကို သေနတ်ဖြင့် မိုးရွာ သကဲ့သို့ ပစ်ခတ် ခြင်းကြောင့် ရို ဟင် ဂျာ ပြည်သူ အများ အပြား သေဆုံး ခဲ့ရသည်။ သေဆုံး ခဲ့ရသူ စာရင်း အတိအကျနှင့် တရားခံ များ ကို ဖော်ထုတ် အရေးယူ ပေးပါရန်။ သေဆုံး သွားသည်ဟု ပြောဆို နေသော် လည်း ပျောက် ဆုံး နေ သည် ဟုယုံကြည်ရသည့်ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းနှင့်ပတ်သက်သည့်အဖြစ်မှန် ကို ဖော် ထုတ် ပေးပါရန်။

(၄) ဒုချီရာတန်း အလယ်ရွာနှင့် အရှေ့ရွာရှိ ရိုဟင်ဂျာ ပြည်သူ များ၏ ပိုင်ဆိုင်မှုများ၊ သိုလှောင် ထားသည့် စားနပ်ရိက္ခာများကို ရခိုင် အစွန်းရောက်များက လုယက်ခဲ့ ပြီးဈေးများတွင်ရောင်းချနေ သည်ကိုမောင်တော မြို့ နယ် ရဲတပ်ဖွဲ့မှ သိရှိလျက်နှင့် ဖော်ထုတ် ဖမ်းဆီးခြင်း မရှိသည်ကို လေ့ လာ တွေ့ရှိ ရပါသည်။ ရဲတပ်ဖွဲ့ဝင် များ၏ တာဝန်မှာ ဒုစရိုက်မှု များကို ဖော်ထုတ် အရေးယူရန် ဖြစ်သော်လည်း ယခုကဲ့သို့ ထိန်ချန် ၍ အရေး မယူ ရခြင်းကို ရှင်းလင်း ပေးပါရန်။

(၅) မောင်တော၊ စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူ ခရိုင် များတွင် ရဲတပ်ဖွဲ့ဝင် များက ရခိုင် အစွန်းရောက် များကို တပည့်မွေး ၍ ရိုဟင်ဂျာ လူမျိုး များကို လူမျိုးတုန်း သတ်ဖြတ်ရန်၊ မုဒိန်းကျင့်ရန်၊ ဓါးပြတိုက်ရန်၊ မီးရှို့ ဖျက်ဆီးရန် အခွင့် အရေး များ ပေးထားသည့်ကို လေ့လာ တွေ့ရှိ နေရသဖြင့် ထိုကဲ့သို့ ကိစ္စရပ်များ ကို ပြည် ထဲရေး ၀န်ကြီးမှ အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးပါရန်။ 

(၆) အကြမ်းဖက် မှုများ ဖြစ်ပွားတိုင်း RNDP နှင့် မွတ်စလင် ဆန့်ကျင်ရေး အစွန်းရောက် ၉၆၉ ဂိုဏ်းမှ ဘုန်းကြီးများ ရောက်ရှိ လာပြီး လူမျိုးရေး အမုန်း တရားများ လှုံ့ဆော်ခြင်း၊ ရိုဟင်ဂျာ မှန်သမျှ အမြစ်လှန် ရှင်းလင်းရန် အသံ ချဲ့စက်ဖြင့် ပြောဆိုခြင်း များကို မောင်တော ခရိုင် အုပ်ချုပ်ရေး ဌာနမှ လူသိရှင်ကြား အားပေး ထောက်ခံ ခဲ့သည့် အထောက် အ ထား များစွာ ရှိနေသည့် အတွက် အရေးယူ ပေးပါရန်။ 

(၇)မြန်မာနိုင်ငံရှိမြို့နယ်အသီးသီးတွင်ဖြစ်ပွားခဲ့သည့်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တိုင်း တွင် အောက်ခြေ ရှိ မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့တို့ ပါဝင် ပတ်သက် နေသည် များကို အရေး ယူ ဆောင် ရွက် ပေးပါရန်။ 

ဒုချီရာတန်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ နေပြည်တော် အစိုးရအား စိတ်ချ ယုံကြည် နိုင်ရန် ခက်ခဲပါ သဖြင့် ကုလသမဂ္ဂ၏ အာဏာကုန် လွှဲအပ် ခံရသည့် အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့အား စစ်ဆေးခွင့် ပေးပါရန် လေးနက်စွာ တောင်းဆို အပ်ပါသည်။ 


ကျော်ဇောအောင်
ရိုဟင်ဂျာတိုင်းရင်းသားလူငယ်ကွန်ရက်


Comment ရေးရန်

Rohingya Exodus