March 15, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကျူရှင်ဆရာကို လုံထိန်းများက မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်

MYARF 
RB News
9.2.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မတောင် ရပ်ကွက်မှ ကျူရှင် ဆရာ တစ်ဦးကို လုံထိန်းများက ဖမ်းဆီး၍ မဟုတ်မမှန် စွပ်စွဲပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် မောင်တော မြို့နယ်၊ မြို့မတောင် ရပ်ကွက်မှ ဦးမာမတ် ဆူဟိုဒ် (ဘ) ဦးဆော်လာမ် (အသက် ၂၉ နှစ်) သည် ၎င်း၏ နေအိမ်နှင့် မနီးမဝေး အိမ်တစ်အိမ်တွင် မူလတန်း ကျောင်းသား အချို့ကို ကျူရှင်ပြပြီး ပြန်အလာတွင် လုံထိန်း ၁၀ ဦးက ဖမ်းဆီး၍ မြို့မတောင် ရပ်ကွက် အရှေ့ဖက် ဗိုလ်မှူးရွာရှိ လုံထိန်း ရဲကင်း စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ လုံထိန်း ကင်းစခန်းသို့ ခေါ်ဆောင် သွားပြီးနောက် ဦးမာမတ် ဆူဟိုဒ်အား ဘင်္ဂလားဖုန်း ကိုင်ဆောင် သုံးစွဲ နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၅ သိန်း ပေးမှ ပြန်လွှတ် ပေးမည်ဟု လုံထိန်း များက ပြောဆို ခဲ့သည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြို့မတောင် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် ဦးဖေရုစ်ခါန် ကိုယ်တိုင် လုံထိန်း ကင်းစခန်းသို့ လိုက်သွားပြီး၊ ဦးမာမတ် ဆူဟိုဒ်မှာ ဆင်းရဲနွမ်းပါးသူ တစ်ဦး ဖြစ်ကြောင်း၊ စားဝတ်နေရေး ခက်ခဲမှုကြောင့် မူလတန်း ကျောင်းသား အချို့ကို ကျူရှင်ပြပြီး အသက်မွေး ၀မ်းကျောင်း ပြုနေသူ ဖြစ်ကြောင်း၊ လူသားချင်း စာနာ ထောက်ထားပြီး ပြန်လည် လွှတ်ပေးရန် တောင်းဆို ခဲ့သော်လည်း လုံထိန်း များက ၎င်းတို့ တောင်းဆိုသည့် ငွေပေးမှသာ ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း၊ မကျေနပ်ပါက ကြိုက်သည့် ဌာနဆိုင်ရာကို တိုင်ကြား နိုင်ကြောင်း အမျိုးမျိုး ခြိမ်းခြောက်၍ ပြောဆို ခဲ့သည်။ နောက်ဆုံးတွင် လုံထိန်းများကို ငွေကျပ် တစ်သိန်း တစ်သောင်း ပေးမှသာ ဦးမာမတ် ဟူဆိုဒ်ကို ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ ထို့အပြင် လုံထိန်းများက ဦးမာမတ် ဟူဆိုဒ်အား ၎င်းကို လုံထိန်းများက ဘာတစ်ခုမှ မလုပ်ခဲ့ကြောင်း ၀န်ခံ လက်မှတ် ရေးထိုးခိုင်း အတွက် ရေးထိုး ပေးခဲ့ရကြောင်း သိရှိ ရပါသည်။ 

ဗိုလ်မှူးရွာ အခြေစိုက် လုံထိန်း ကင်းစခန်းရှိ လုံထိန်း များ၏ တာဝန်မှာ မြို့မတောင် ရပ်ကွက်နှင့် မသက်ဆိုင် သော်လည်း မကြာခဏ မြို့မတောင် ရပ်ကွက်သို့ ၀င်၍ ညပိုင်း သွားလာသူ များကို အမြဲ အနှောက် အယှက် ပေးလျက် ရှိသည်။ အထူး သဖြင့် မြို့မတောင် ရပ်ကွက် ကြားလမ်းမ ဖြစ်သော မောင်နီရွာ ဖက်သို့ သွားသည့် လမ်းပေါ်မှ လုံထိန်း အဖွဲ့သည် ညစဉ် ညတိုင်း လိုလို လမ်းသွား လမ်းလာသည့် ရိုဟင်ဂျာ ပြည်သူ များကို ညမထွက်ရ အမိန့် အချိန် မတိုင်မှီ ကတည်းက ဖမ်းဆီး၍ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ မကြာ ခဏ ပြုလုပ် လျက်ရှိသည်။ 

အထက်တန်းကျောင်း အမှတ် (၂) ရှေ့တွင် လုံထိန်း ကင်းစခန်း တစ်ခု ရှိနေလျက် ဗိုလ်မှူးရွာ ကင်းစခန်းမှ လုံထိန်းများ နယ်ကျော် ၀င်ရောက်၍ အများ ပြည်သူ များအား ယခု ကဲ့သို့ မတရား ဖမ်းဆီး ငွေညှစ်ခြင်း များပြုလုပ် နေခြင်းကို အထက် အာဏာပိုင် များမှ အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးပါရန် တောင်းဆိုကြောင်း ဒေသခံ များက RB News သို့ ပြောပါသည်။

MYARF မှ သတင်း ပေးပို့သည်။ 


Comment ရေးရန်

Pages 22123456 »
Rohingya Exodus