April 16, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

လူသားချင်း စာနာကူညီမှု ကုလအကြီးအကဲ မြန်မာခရီးစဉ် အဆုံးသတ်

ကုလသမဂ္ဂ လူသားချင်း စာနာ ကူညီမှု ဆိုင်ရာ လက်ထောက် အတွင်းရေးမှုးချုပ် Kyung-wha Kang


14.6.2014

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူသားချင်း စာနာ ကူညီမှု ဆိုင်ရာ လက်ထောက် အတွင်းရေးမှုးချုပ် Kyung-wha Kang ဟာ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် ခရီးစဉ်တွေကို မနေ့က အဆုံးသတ်ပြီး၊ အဲဒီက ဒေသခံတွေရဲ့ လူသားချင်း စာနာကူညီမှု လိုအပ်ချက်တွေ လိုအပ်ချက် ရှိနေတာတွေ ကို ထောက်ပြ လိုက်ပါတယ်။

လူဦးရေ လေးသိန်း နှစ်သောင်း တထောင်လောက် အတွက် သေရေးရှင်ရေး အရေးပေါ် လိုအပ်ချက်တွေကို အကူအညီ ပေးဖို့ လူသားချင်း စာနာ ကူညီရေး လုပ်သားတွေရဲ့ အခက်အခဲ စိန်ခေါ်ချက်တွေကို သူမြင်ခဲ့ ရတယ်လို့ Kyung-wha Kang က မနေ့က ကြေညာချက် ထုတ်ပါတယ်။

သူဟာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ပေါက်တော မြို့နယ်တွေကို နယ်စပ်ရေးရာ ဒုတိယ ၀န်ကြီးနဲ့ အတူ သွားရောက်ပြီး၊ အဲဒီက ဒုက္ခသည် တွေနဲ့ အကြမ်းဖက်မှု ဒဏ်ခံစားရတဲ့ လူမှု အသိုင်း အ၀ိုင်း တွေကို တွေ့ဆုံ ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့ တွေမှာ စစ်တွေက ကုလသမဂ္ဂနဲ့ အကူအညီ ပေးရေးရုံးတွေ အကြမ်းဖက် တိုက်ခိုက် ခံရတဲ့ နောက်ပိုင်း၊ အကူအညီပေး လုပ်ဆောင်မှု အခြေအနေ တွေကို ဒေသခံတွေနဲ့ရော အကူအညီ ပေးရေး လုပ်သား တွေနဲ့ပါ တွေ့ဆုံပြီး အကဲဖြတ် လေ့လာ ခဲ့တယ်လို့ ကုလသမဂ္ဂ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီနောက်ပိုင်း အခြေအနေမှာ ပြည်ထောင်စု အစိုးရဖက်က ကူညီ ဆောင်ရွက်မှုတွေ ရှိတယ် ဆိုပေမယ့်လည်း၊ လူသားချင်း စာနာ ကူညီမှု ပေးနေတဲ့ လုပ်နိုင်ခြေ အတိုင်း အတာဟာ ယခင်က ထက်စာရင် ၆၀ ရာခိုင်နှုန်းအောက် လျှော့ကျနေ တယ်လို့လည်း ဆိုပါတယ်။

ဒီလို အကူအညီတွေ အပြည့်အ၀ ပေးနိုင်ဖို့ အတွက် ပြည်တွင်းရော ပြည်ပကပါ အကူအညီပေး လုပ်သားတွေရဲ့ လုံခြုံ ဘေးကင်းမှုကို အာမခံဖို့ လိုတယ်လို့လည်း လက်ထောက် အတွင်းရေးမှုးချုပ် Kyung-wha Kang က ပြောပါတယ်။ Ms.Kang ဟာ ကေအိုင်အိုနဲ့ မြန်မာ အစိုးရ အကြား တိုက်ခိုက်မှုတွေကြောင့် စစ်ဒဏ်ခံရတဲ့ ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

အရပ်သား ပြည်သူတွေ လုံခြုံဘေးကင်းရေးနဲ့ သူတို့ လိုအပ်ချက်တွေ ကို နိုင်ငံတကာ လူသားချင်း စာနာ ကူညီမှု စံနှုန်း စံထား အတိုင်း လေးစား လိုက်နာဖို့ နှစ်ဖက် စလုံးမှာ တာဝန် ရှိတယ်လို့ Mr. Kang က ပြောပါတယ်။ လက်ထောက် အတွင်းရေးမှုးချုပ် Kyung-wha Kang ဟာ ရှေ့အပတ်ထဲ မှာတော့ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်ကို ပြန်ရောက်မှာ ဖြစ်ပါတယ်။ သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂကို ပြန် အစီရင် ခံပြီးရင်၊ ရှေ့အပတ် ထဲမှာပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ဖို့ရာ ရှိနေပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus