နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲတွင် အိမ်ပြုပြင် စာရင်းများ ကောက်ယူ




MYARF
RB News
25.6.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ အုပ်ချုပ်ရေး အာဏာပိုင်များသည် ကျေးရွာများရှိ အိမ်ပြုပြင်သည့် စာရင်းများ အပြင် အခြားသော စာရင်းများ ကောက်ခံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ (ဇွန်လ ၂၅) နံနက် ၁၀ နာရီ အချိန်တွင် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး၊ စ.ရ.ဖ နှင့် သတင်းတပ်ဖွဲ့ တို့သည် ကွမ်းသီးပင် ကျေးရွာ အုပ်စုသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ ပြုပြင်ထားခြင်း၊ အိမ်သစ်များ ဆောက်လုပ်ခြင်း၊ ဗလီများ ပြုပြင်ထားခြင်း၊ ထရံများ ဖာထေးခြင်းနှင့် အမိုးကာခြင်းများ အားလုံး စစ်ဆေး၍ မှတ်တမ်းတင် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အုပ်ချုပ်ရေးနှင့် အာဏာပိုင်များက စာရင်းများ ပြုစု မှတ်တမ်းတင်ခဲ့သော်လည်း အိမ်ပိုင်ရှင်များကို တစ်စုံတစ်ရာ ပြောဆို သွားခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အဖွဲ့သည် ကွမ်းသီးပင် ကျေးရွာ အုပ်စုမှ တစ်ဆင့် မီးတိုက် ကျေးရွာ အုပ်စုသို့ သွားရောက်၍ ကွမ်းသီးပင် ကျေးရွာ အုပ်စု ကဲ့သို့ စာရင်းပြုစု မှတ်တမ်းတင်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်း (ဒိုင်းနက် လူမျိုး) ကိုပြောရာ၊ ဦးမောင်သာထွန်းက စာရင်းပြုစုရန် မလိုအပ်ကြောင်း၊ မိမိတွင် နေအိမ်ပြုပြင်၊ ဆောက်လုပ်၊ ဗလီပြုပြင် ခဲ့သည့် စာရင်းများ အတိအကျ ရှိကြောင်း ပြောဆိုပြီး ၎င်းတွင် ရှိသည့် စာရင်းကို ပေးလိုက်သဖြင့် တစ်အိမ်ချင်း စစ်ဆေးမှု မပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus