နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ရပ်ကွက်နှစ်ခုမှ လူဦးရေ စာရင်းအတွက် အိမ်ထောင်စု စာရင်းများ လိမ်လည်၍ သိမ်းယူ




MYARF
RB News
27.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အမှတ် (၅) ရပ်ကွက်နှင့် (၆) ရပ်ကွက်တို့တွင် လူဦးရေ စာရင်း အတွက် အိမ်ထောင်စု စာရင်းများ လိမ်လည်၍ သိမ်းယူသွားပြီး ယခု အချိန်ထိ ပိုင်ရှင်များထံ ပြန်လည် မအပ်နှံ သေးကြောင်း သတင်း ရရှိပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ပူးပေါင်း၍ လူဦးရေ စာရင်း ကောက်ခံခြင်းဟု အမည်ခံ၍ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု ကောက်ခံလျက် ရှိသောကြောင့် ဒေသခံ ရိုဟင်ဂျာများ နေထိုင်သည့် ရပ်ကွက်/ ကျေးရွာ များသို့ အကြိမ်ကြိမ် လာရောက်၍ စစ်ဆေးလျက် ရှိသော်လည်း ဒေသခံ ရိုဟင်ဂျာများက ပါဝင် စစ်ဆေးခံရန် ငြင်းဆိုလျက် ရှိကြသည်။

သြဂုတ်လ (၂၄) ရက်နေ့က မောင်တောမြို့နယ် အမှတ် (၆) ရပ်ကွက်သို့ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမိုး၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူး များကို အိမ်ထောင်စု စာရင်းများ လဲလှယ် ပေးရန်ဟု လိမ်လည် ပြောဆိုခိုင်းပြီး၊ ရိုဟင်ဂျာ အိမ်ထောင်စု ၅၀၀ ခန့်တို့၏ အိမ်ထောင်စု စာရင်းများကို သိမ်းယူ သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ အဆိုပါ အဖွဲ့သည် အမှတ် (၅) ရပ်ကွက်သို့လည်း သွားရောက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘာဆဲရ်ကို လိမ်လည် ပြောဆိုခိုင်းပြီး အိမ်ထောင်စု စာရင်း ၃၀၅ စောင် သိမ်းယူ သွားကြောင်း သိရှိရပါသည်။

အမှတ် (၅) ရပ်ကွက်နှင့် (၆) ရပ်ကွက် တို့မှ သိမ်းယူသွားသော အိမ်ထောင်စု စာရင်း ၈၀၀ ခန့်ကို ယခု အချိန်ထိ ပိုင်ရှင်များထံ ပြန်လည် အပ်နှင်းခြင်း မရှိသေးကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့၏ အမည်ခံ လူဦးရေ စာရင်း ကောက်ခံခြင်း အောင်မြင်ခြင်း မရှိသည့် အတွက် ယခုကဲ့သို့ လိမ်လည်၍ စာရင်းကောက် နေခြင်း ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus