April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဒုချီးရားတန်းမှ ဘာသာရေး ဆရာတစ်ဦးကို လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီးထား



MYARF
RB News
13.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာမှ ဘာသာရေး ဆရာ တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၉) ရက်နေ့ ညသန်းခေါင်ယံ ၁၂ နာရီကျော် အချိန်တွင် မကျီးချောင်း ကျေးရွာ အမှတ် (၁၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဂေါ်ဒူသာရ တံတား စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ နူရူလ္လာရွာ မူလတန်းကျောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒုချီးရားတန်း ကျေးရွာသို့ ၀င်ရောက်၍ အိမ်များကို စစ်ဆေးခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များလာလျှင် ဖမ်းဆီးခံရမည်ကို ကြိုတင် သတင်း ရထားသည့် ဒေသခံ ရိုဟင်ဂျာ ရွာသားများသည် မိမိတို့၏ နေအိမ်များမှ တိမ်းရှောင် နေခဲ့ကြသည်။ နံနက် (၂) နာရီခန့် အချိန်တွင် မော်လ၀ီ ဟာရွန် (ဘ) ဦးဖော်ဇော်အာမတ် (အသက် ၃၂ နှစ်) ၏ နေအိမ်ကို ၀င်ရောက် စစ်ဆေးရန် လာစဉ် မော်လ၀ီ ဟာရွန်သည် အကြောင်းမဲ့ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ နေအိမ် အနောက်ဘက်မှ ထွက်၍ ဂေါ်ဒူသာရ ရွာသို့ တိမ်းရှောင် သွားခဲ့သည်။

နံနက် (၄) နာရီ အချိန်တွင် ဂေါ်ဒူသာရ ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်ရောက် လာသည်ဟု သတင်း ရ၍ မိမိ၏ နေအိမ်သို့ ပြန်နေစဉ် ဒုချီးရားတန်း ရွာထဲရှိ ချောင်းအနီးတွင် ပုန်းနေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက မော်လ၀ီ ဟာရွန်ကို လူမဆန်စွာ ရိုက်နှက်၍ မကျီးချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မော်လ၀ီ ဟာရွန်ကို ထိုမှတဆင့် ဘူးသီးတောင် ရဲစခန်းသို့ ပို့ဆောင်၍ ဘူးသီးတောင် ရဲစခန်း အချုပ်၌ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus