နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမှ နယ်ခြားစောင့် ရဲများက ဒေသခံများကို လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ်



Rohingya Eye
RB News
13.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး၊ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၁၁) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာသို့ ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဦးအစ္စမိုင်လ် (ဘ) ဦးအော်လီအာမတ် (အသက် ၃၃ နှစ်) ၏ နေအိမ်ထဲသို့ ၀င်ရောက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ စီဒီအမ်အေ ဆင်းမ်ကဒ်သုံး လက်ကိုင်ဖုန်းကို ယူ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး ဆင်းမ်ကဒ် ထည့်ပြီး တရားမ၀င် ဖုန်းသုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဦးအစ္စမိုင်လ်ကို ရွက်ညိုတောင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ကျားခေါင်းတောင်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ကျားခေါင်းတောင် ကျေးရွာမှ ဦးနူရူဟောက် (ဘ) ဦးရှော်မ်ရှု (အသက် ၂၈ နှစ်) ကို တရားမ၀င် လက်ထပ် ထိမ်းမြား ထားသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးသွားပြီး၊ နောက်နေ့တွင် ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး ဆင်းမ်ကဒ် များကို မောင်တော ခရိုင် အတွင်းရှိ အာဏာပိုင် များက ပေါ်ပေါ်တင်တင် သုံးစွဲလျက် ရှိပြီး၊ ဒေသခံ ရိုဟင်ဂျာ များကို သုံးစွဲခွင့် ကန့်သတ် ထားသည်။ ဒေသခံ ရိုဟင်ဂျာ များက ဥပဒေ အတိုင်း လိုက်နာ၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထုတ် ဆင်းမ်ကဒ် များကို သုံးစွဲလျက် ရှိသော်လည်း အာဏာပိုင်များက လုပ်ကြံ၍ ဖမ်းဆီးပြီး ငွေညှစ်ခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိသည်။

ဒီဇင်ဘာလ (၈) ရက်နေ့ ညသန်းခေါင်ယံ ၁ နာရီ အချိန်တွင်လည်း မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ မဒီနာရွာမှ အာယာစ်အုလ္လာ (ဘ) ဦးရော်ဟီမူလ္လာ (အသက် ၂၈ နှစ်) သည် ကမ်းခြေမှ ငါးဖမ်း၍ ရွာထဲသို့ ပြန်လာစဉ် အလယ်သံကျော် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ (၁၂) ဦးတို့က လူမဆန်စွာ ၀ိုင်းဝန်း ထိုးကြိတ်၍ ငွေကျပ် ၅ သောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus