နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုက္ခသည် စခန်းများမှ ကလေးငယ် များ၏ ပန်းချီ ပို့စ်ကဒ်များ ရန်ပုံငွေ အတွက် ရောင်းချမည်




RB News
25.12.2014

ရန်ကုန် ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရှိသည့် ဒုက္ခသည် စခန်း များတွင် ကျန်းမာရေး၊ ပညာရေးနှင့် စားဝတ် နေရေး အခက် အခဲ များနှင့် ရင်ဆိုင် နေရသော ကလေး သူငယ် များ၏ လိုအပ်ချက် များကို တစ်ဖက် တစ်လမ်းမှ ကူညီရန် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ရန်ကုန်မြို့တွင် ပြပွဲ တစ်ရပ် ကျင်းပမည်ဟု သတင်း ရရှိပါသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရှိသည့် ဒုက္ခသည် စခန်းများမှ ကလေးငယ်များ ကိုယ်တိုင် ရေးဆွဲ ထားသော ပန်းချီကားများ၊ ကလေးငယ် များ၏ အလှ ဓါတ်ပုံများကို ပို့စ်ကဒ်များ ပြုလုပ်၍ ရောင်းချပြီး ရန်ပုံငွေ ရှာဖွေမည့် ပွဲတစ်ခုကို ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ ၃၅ လမ်း၊ အမှတ် ၁၃၄ ရှိ River Ayeyarwaddy ပန်းချီ ပြခန်းတွင် ဒီဇင်ဘာလ (၂၈) ရက်နေ့ တနင်္ဂနွေနေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပမည် ဖြစ်သည်။

လွန်ခဲ့သည့် ၆ လခန့်မှ စ၍ ရှမ်းလူမျိုး၊ ဗုဒ္ဓဘာသာ လူငယ် တစ်ဦး ဖြစ်သည့် ကိုစိုင်းဟန်ထိုက်မှ ဦးစီး၍ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများတွင် ကလေး သူငယ်များနှင့် ဆင်းရဲသည့် မိသားစု များ၏ လိုအပ်ချက် များကို ဖြည့်ဆည်း ကူညီ ပေးလျက် ရှိရာ၊ ဒုက္ခသည် စခန်းများရှိ ကလေးငယ် များ၏ စိတ်ဓါတ် ခွန်အား မြှင့်တင်မှု အပိုင်းနှင့် ပညာရေးပိုင်း တို့တွင် အဓိက ထိရောက်မှု ရှိလာသည်ကို တွေ့ရပြီး၊ လူမှုကွန်ယက် ပေါ်ရှိ ဗုဒ္ဓဘာသာနှင့် မွတ်စလင် မိတ်ဆွေများ၏ ကူညီ ပံ့ပိုးမူများဖြင့် အခြားသော အထောက် အပံ့ပေါင်း များစွာကိုလည်း ပေးအပ် ခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။

ဒုက္ခသည် စခန်းများ အတွင်း ကူညီ ပံ့ပိုးမှုများကို ကိုစိုင်းဟန်ထိုက်၏ ဖေ့စ်ဘုတ် စာမျက်နှာ (https://www.facebook.com/aawdcsdewfxsgv5h) မှ တဆင့် လေ့လာနိုင်ပါသည်။ 

Comment ရေးရန်

Rohingya Exodus