November 10, 2025
 Roh

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

တောင်ပြိုလက်ဝဲမှ ဓါးပြဂိုဏ်းကို ဒုရဲမှူးကြီး မိုးညို ကာကွယ်ပေးထား



RB News
28.12.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေသည် ဓါးပြဂိုဏ်း တစ်ဂိုဏ်းကို အသုံးချ၍ ဒေသခံ ရိုဟင်ဂျာ များ၏ နေအိမ်များကို ဓါးပြတိုက်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေသည် ဓါးပြဂိုဏ်း တစ်ဂိုဏ်းကို အသုံးချ၍ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များကို ဓါးပြတိုက်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ရရှိလာသည် များထဲမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး ဒုရဲမှူးကြီး မိုးညိုကို ဝေစုခွဲ ပေးနေသည့် အတွက် ဓါးပြတိုက်သူများ ပိုမို အတင့်ရဲစွာ အဆက်မပြတ် အကြမ်းဖက် လျက်ရှိသည်ဟု ၎င်းတို့က ဆိုသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ (၂၈) ရက်နေ့ ညသန်းခေါင်ယံ ၁ နာရီ အချိန်တွင် အဆိုပါ ဓါးပြ အဖွဲ့သည် စံကားပင်ရင်း ကျေးရွာမှ ဦးရှောမ်ရှု၏ နေအိမ်သို့ နယ်ခြားစောင့် ရဲဝတ်စုံများဖြင့် ရဲအယောင်ဆောင်၍ ၀င်ရောက်ပြီး ငွေသား သိန်းပေါင်း များစွာနှင့် အတူ ရွှေ ၅ ကျပ်သားကို ဓါးပြတိုက် ယူသွားသည့် အပြင် ဦးရှောမ်ရှု၏ သားဖြစ်သူ ကိုဘာဆဲရ်ကိုလည်း ပြန်ပြေးဆွဲ သွားခဲ့သည်။ ကိုဘာဆဲရ်ကို ၆ ရက်ကြာ ထိန်းသိမ်း ထားခဲ့ပြီး ငွေကျပ် သိန်း ၉၀ ညှစ်ယူပြီးမှ ပြန်လည် လွတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ဦးရှောမ်ရှု၏ နေအိမ်ကို ဓါးပြတိုက်စဉ် ရေတွင်းပြင် ကျေးရွာမှ အာယုဖ် (ဘ) ဦးဆာနိုးနှင့် ဇီးပင်ချောင်း ကျေးရွာမှ ရှော်ဘိရ် (ခ) ဦးဂေါ်နိုမျာ တို့သည် အဆိုပါ ဓါးပြဂိုဏ်းနှင့် အတူ ပါဝင် ခဲ့သည်ဟု ဆိုသည်။

ဒေသခံများက ဓါးပြတိုက်ခံ ရခြင်းနှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး၊ ဓါးပြတိုက်သည့် အချိန်တွင် ပါဝင်သူ များကို သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီး နိုင်ခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး ဒုရဲမှူးကြီး မိုးညို၏ အာဏာ အလွဲသုံးစား ပြုလုပ်မှုကြောင့် အရေးယူနိုင်ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ၎င်း၏ ဓါးပြဂိုဏ်းသားများ ပြန်လည် လွတ်မြောက်လာရေး အတွက် ငွေအင်အားဖြင့် လိုက်လံ၍ ရှင်းလင်း နေကြောင်း သိရှိရပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus