March 19, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

လူမှောင်ခိုဂိုဏ်း၏ ဖမ်းဆီးခြင်း ခံရသော ငါးဖမ်းသမား ၁၆ ဦးကို ရေတပ်မှ ကယ်တင်လာ



RB News
28.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူးဟာကုန်း ကျေးရွာမှ ငါးဖမ်း သမား ၁၆ ဦးကို လူမှောင်ခိုဂိုဏ်းမှ ဖမ်းဆီး သွားခဲ့သော်လည်း မြန်မာ့ ရေတပ်မှ ပြန်လည်၍ ကယ်တင် လာခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၇) ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ် အချိန်တွင် မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူးဟာကုန်း ကျေးရွာမှ ဦးအဒူလ္လာ (ဘ) ဦးနုခ်မာလ်ဟာကိမ်း ပိုင်ဆိုင်သည့် ငါးဖမ်း စက်လှေ သုံးစင်းဖြင့် ငါးဖမ်း နေသည့် ငါးဖမ်း လုပ်သား ၃၅ ဦးမှ ၁၆ ဦးကို ထိုင်းနိုင်ငံမှ လူကုန်ကူးသည့် သင်္ဘော ပေါ်တွင်ပါသည့် လူမှောင်ခိုဂိုဏ်းမှ ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ငါးဖမ်း စက်လှေ သုံးစင်းမှ လွတ်မြောက်လာသူ ငါးဖမ်းလုပ်သား ၁၉ ဦးသည် နံနက် ၇ နာရီ အချိန်တွင် စက်လှေ ပိုင်ရှင် ဖြစ်သူ ဦးအဒူလ္လာကို ဖြစ်စဉ် အသေးစိတ်ကို အကြောင်းကြား ခဲ့ကြောင်း သိရှိရပါသည်။

စက်လှေ ပိုင်ရှင် ဖြစ်သူ ဦးအဒူလ္လာက ဗျူဟာကုန်း ကျေးရွာ အခြေစိုက် စစ်တပ်မှ တပ်ရင်းမှူးကို တိုင်တန်း၍ အကူအညီ တောင်းခံခဲ့ပြီး၊ တပ်ရင်းမှူးက ပင်လယ်ပြင်တွင် တာဝန်ကျ နေသည့် မြန်မာ့ ရေတပ်မှ လုံခြုံရေး အဖွဲ့ကို အကြောင်းကြား ခဲ့ကြောင်း သိရှိရပါသည်။ သ၀င်ချောင်း ကျေးရွာ ကမ်းခြေနှင့် ရေပြင် အနီးတ၀ိုက်မှ မြန်မာ့ ရေတပ် လှည့်ကင်း သင်္ဘောက နိုင်ငံတကာ ကုန်တင် သင်္ဘောများ သွားလာရာ လမ်းကြောင်းကို သွားရောက်၍ ထိုင်းနိုင်ငံဘက် သွားရာ သင်္ဘောများကို စစ်ဆေးခဲ့ပြီး လူကုန်ကူး သင်္ဘောမှ ဖမ်းဆီးခံ ထားရသည့် ငါးဖမ်းလုပ်သား ၁၆ ဦးကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကယ်တင် နိုင်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ လူမှောင်ခိုဂိုဏ်း၏ ဖမ်းဆီးခြင်း ခံရသည့် ငါးဖမ်း လုပ်သားများမှာ ဗျူဟာကုန်း ရွာနှင့် ကံပူးရွာမှ ဒေသခံ ရိုဟင်ဂျာ ရွာသားများ ဖြစ်ကြောင်း သိရှိရပါသည်။

“မြန်မာ့ရေတပ်ရဲ့ အကူအညီကြောင့် လွတ်မြောက်လာတာ ကျွန်တော်တို့ ဒေသခံ တွေအနေနဲ့ မြန်မာ့ ရေတပ်ကို ကျေးဇူး တင်လို့ မဆုံးပါဘူး။ အခုလို လူသားဆန်တဲ့ လုပ်ရပ် အတွက် ဂုဏ်ယူပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဖမ်းခံရတဲ့ ၃၂ ယောက်နဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရတော့ဘူး။ အခုလို လွတ်မြောက်လာဖို့ ကူညီပေးတဲ့ ဗျူဟာကုန်း အခြေစိုက် တပ်ရင်းမှူးနဲ့ မြန်မာ့ ရေတပ်ကို ငွေ သိန်း ၁၅၀ ပေးရတယ်လို့ ကောလဟလ တွေလည်း ထွက်နေပါတယ်။ ဒါပေမယ့် စက်လှေ ပိုင်ရှင် ဦးအဒူလ္လာ ကတော့ ငွေပေးရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ ငြင်းတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ်ပါ။ ကျွန်တော်တို့ကို ကူညီတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုင်းနိုင်ငံမှ လူကုန်ကူးသည့် ဘင်္ဘောမှ ငါးဖမ်းလုပ်သား ၁၆ ဦးကို ကယ်တင်လိုက်သော်လည်း အဆိုပါ သင်္ဘောကို ဖမ်းဆီးခြင်း မရှိဘဲ လွတ်ပေး လိုက်သည်ဟု ဒေသခံများက ဆိုသည်။

“အဲဒီ သင်္ဘောကိုတော့ ငွေယူပြီး လွှတ်ပေးလိုက် တယ်လို့ ယူဆရတယ်”

လူမှောင်ခိုဂိုဏ်း၏ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက် လာသူ ၁၆ ဦးထဲမှ နှစ်ဦးမှာ ဓါးခုတ် ဒဏ်ရာများဖြင့် အသက် အန္တရာယ် စိုးရိမ် ရသည့် အခြေအနေတွင် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus