နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုချီးရားတန်းမှ ဖမ်းဆီးသွားသူ များကို ငွေကျပ် ၁၅ သိန်းညှစ်ပြီး ပြန်လွှတ်




MYARF
RB News
4.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာမှ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ဖမ်းဆီးခံရသည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးကို အာဏာပိုင်များက ငွေကျပ် ၁၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက် ၁၂း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲကွပ်ကဲရေး အဖွဲ့၊ စစ်တပ်နှင့် ကိုင်းကြီးနှင့် ရခိုင်ရွာများမှ ဦးမောင်စိန်လှ၊ ဦးအောင်ဇံဖြူ၊ ဦးဘာဂျာ တို့နှင့် ရခိုင်လူငယ်များ အပါအ၀င် အင်အား (၃၀၀) ကျော်ခန့် တို့သည် မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ရွာသို့ ၀င်ရောက်၍ နံနက် ၃း၃၀ နာရီ အချိန်ထိ လိုင်စင်ရ သောင်းကျန်းသူများ ကဲ့သို့ စိတ်တိုင်းကျ လုယက်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် အပြင် အပြစ်မဲ့ ဒေသခံ (၄) ဦးကိုလည်း ဖမ်းဆီး သွားခဲ့သည်။ (သတင်း အပြည့် အစုံ ဖတ်ရန် -- http://bit.ly/1pY3q6m)

ဖမ်းဆီးခံရသူ (၄) ဦးကို ဒီဇင်ဘာလ (၁) ရက်နေ့ နံနက် (၁၀) နာရီခန့် အချိန်တွင် မကျီးချောင်း ကျေးရွာ အခြေစိုက် အမှတ် (၁၅) နယ်ခြားစောင့် ကွပ်ကဲရေး အဖွဲ့က ငွေကျပ် ၁၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဖမ်းဆီးခံရသူ များထဲတွင် ၆ တန်းတွင် ပညာသင်ကြား နေသော ကျောင်းသား နှစ်ဦးနှင့် အသက် (၁၅) နှစ်အရွယ် အခြား ကျောင်းသား တစ်ဦး ပါဝင်နေပြီး၊ အသက် မပြည့်သေးသည့် ကျောင်းသား လူငယ်များကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခြင်းသည် ရိုဟင်ဂျာ ကျောင်းသား လူငယ်များ ပညာသင် နေခြင်းကို ရပ်တန့်ရန် ဖိအားပေးခြင်း မျိုးသာ ဖြစ်နေသည်ဟု ဒေသခံများက သုံးသပ် ပြောဆို နေကြသည်။

မောင်တော ခရိုင်တွင် တရား ဥပဒေ ဆိုသည်မှာ ဒေသဆိုင်ရာ အာဏာပိုင်များ၏ အလိုကျသာ ဖြစ်နေပြီး၊ အာဏာပိုင်များ အလိုကျသာ လုပ်နေကြောင်း၊ အကြောင်းမဲ့ ထောင်ဒဏ် ချမှတ်ခြင်း များကို လွန်ခဲ့သည့် စစ်အစိုးရ လက်ထက် မတိုင်မှီ ကတည်းက ယခု အရပ်သား အစိုးရဟု ပြောဆိုနေသည့် ဒီမိုကရေစီ အစိုးရ လက်ထက်တိုင် ပြုလုပ်နေကြောင်း၊ ပြည်ထောင်စု အစိုးရ အနေဖြင့် သန့်ရှင်းသော အစိုးရဟု ခေါ်တွင်နိုင်ရန် အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဥပဒေမဲ့ ပြုလုပ် နေသည်များကို အရေးယူ ဟန့်တားရန် အထူး လိုအပ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာ လူမျိုးများကို ခွဲခြား ဆက်ဆံခြင်း မရှိဟု တွင်တွင်ငြင်း နေသော်လည်း လက်တွေ့တွင် ဆန့်ကျင်ဘက်သာ ဖြစ်ကြောင်း၊ မိမိ ပြောဆို နေသည်နှင့် တထပ်တည်း ကျရန် အမှန်တကယ် ပြုပြင်ရန် လိုအပ်ကြောင်း ဒေသခံများက ဝေဖန် ပြောဆို နေကြပါသည်။ 

Comment ရေးရန်

Rohingya Exodus