နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံး ကျေးရွာမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ကြိမ်ချောင်းမှ ရဲများက ဖမ်းဆီးထား



MYARF
RB News
4.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံး ကျေးရွာ အုပ်စု အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ကြိမ်ချောင်း ရဲစခန်းမှ ရဲများက အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၃၀) ရက်နေ့ ညနေ (၆) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များဖြစ်သည့် ဦးဇော်ဇော်၊ ဦးတင်လှိုင်နှင့် ဦးအောင်သန်းထွန်း တို့သည် လောင်းဒုံး ကျေးရွာ အုပ်စု၊ ကူယာရ်ဘိလ် ကျေးရွာသို့ ၀င်ရောက်၍ ဦးမာမတ်ဆလာမ် (ဘ) ဦးနော်ဇီရ် အာမတ်၏ နေအိမ်ကို အသေးစိတ် ရှာဖွေ ခဲ့သည်။ ဦးမာမတ်ဆလာမ်၏ နေအိမ်တွင် တရား ဥပဒေနှင့် ငြိစွန်းသည့် ပစ္စည်း တစ်စုံတစ်ရာ ရှာမတွေ့ သော်လည်း၊ သာမာန် မီးဖိုချောင်သုံး ဓါးထက် အနည်းငယ် ရှည်သည့် ဓါးနှစ်ချောင်းကို အကြောင်းပြ၍ မိသားစု တစ်စုလုံးကို ဖမ်းဆီး၍ ကြိမ်ချောင်း ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးမာမတ်ဆလာမ်သည် မြင့်ဘရားသား ကုမ္ပဏီမှ သစ်များ ၀ယ်ယူရောင်းချ၍ အသက် မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သောကြောင့် သစ်များခုတ်ရာတွင် အသုံးပြုနိုင်ရန် သာမာန် မီးဖိုချောင်သုံး ဓါးထက် နည်းနည်း ရှည်သည့် ဓါးများ အိမ်တွင် ရှိနေခြင်း ဖြစ်သည်ဟု ၎င်း၏ မိသားစုနှင့် နီးစပ်သူများက ပြောပါသည်။ ညပိုင်းတွင် မိသားစုဝင်များကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ဦးမာမတ်ဆလာမ်ကို ရဲများက လူမဆန်စွာ ရိုက်နှက်ပြီး ငါးခူရ ရဲစခန်းသို့ ပို့ဆောင်၍ ချုပ်နှောင် ထားကြောင်း သိရှိရပါသည်။

အလားတူ ယင်းနေ့ ည (၇) ခန့် အချိန်တွင် ဦးမာမတ်ဆလာမ်နှင့် အတူ သစ်ရောင်းချသူ လုပ်ဖော်ကိုင်ဖက် ပဒကား ဒေ၀ါနာလီ ကျေးရွာမှ ရ.ယ.က ဥက္ကဌဟောင်း ဖြစ်သူ ဦးနော်ဘီဟူဆောင်းကိုလည်း ဖမ်းဆီး၍ ငါးခူရ ရဲစခန်းတွင် ချုပ်နှောင် ထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ၎င်းတို့ နှစ်ဦးတို့ကို ယခု အချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus