ငါးဖမ်းလှေငယ် များထံမှ နယ်ခြားစောင့်ရဲများက နေ့စဉ် တစ်သောင်း တောင်းခံမှုကြောင့် ငါးမဖမ်းနိုင်
MYARF
RB News
12.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သ၀င်ချောင်း ကျေးရွာရှိ ငါးဖမ်း လှေငယ်များ ထံမှ နယ်ခြားစောင့် ရဲများက နေ့စဉ် ငွေကျပ် တစ်သောင်းစီ တောင်းခံမှုကြောင့် ငါးဖမ်းရန် မထွက်နိုင်တော့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း သ၀င်ချောင်း ကျေးရွာရှိ ငါးဖမ်း လှေငယ်များထံမှ နယ်ခြားစောင့် ရဲများက နေ့စဉ် ငွေကျပ် တစ်သောင်းစီ တောင်းခံမှုကြောင့် နေ့စဉ် ၀င်ငွေနှင့် ထွက်ငွေ မမျှတော့သည့် အတွက် ငါးဖမ်းရန် မထွက်နိုင်တော့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ နေ့စဉ် ၀င်ငွေဖြင့် ရပ်တည်နေရသည့် မိသားစု များမှာ ငါးဖမ်း မထွက်နိုင်သဖြင့် စားဝတ်နေရေး အခက်ကြုံ နေရသည်ဟု ဆိုသည်။ ငါးဖမ်းလှေငယ် တစ်စီးတွင် ငါးဖမ်းသမား ၆ ဦးမှ ၁၀ ဦး အထိ လိုက်ပါ၍ ငါးဖမ်းကြကြောင်း သိရသည်။
“မနေ့က [ဇန်န၀ါရီလ ၁၁ ရက်] လည်း ကျွန်တော်တို့ ဆီက တစ်သောင်းစီ ယူတယ်။ ဒီနေ့လည်း တစ်သောင်းစီ ထပ်တောင်းတယ်။ နေ့တိုင်း ပေးရမယ် ဆိုတော့ ကျွန်တော်တို့ အတွက် ဘယ်လိုမှ မကိုက်တော့ဘူး။ ငါးသွားဖမ်းရင် အရှုံး ပေါ်တာဘဲ အဖတ်တင်မယ်။ အဲဒါကြောင့် ငါးဖမ်းဖို့ မထွက်နိုင်တော့ဘူး။ အခု စားဝတ်နေရေးလည်း အခက်ကြုံနေရပြီ” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။
ငွေကျပ် တစ်သောင်းစီ နေ့စဉ် ယူနေသူမှာ သ၀င်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဒုရဲအုပ် လှိုင်ထွန်းအောင် ဖြစ်ကြောင်း သိရသည်။
ဇန်န၀ါရီလ (၁၁) ရက်နေ့က ငွေကျပ် တစ်သောင်းစီ ပေးခဲ့ရပြီး ယနေ့ ငွေကျပ် တစ်သောင်းစီ မပေးနိုင်၍ ငါးဖမ်း မထွက်နိုင်သည့် လှေငယ်များမှ ပဲ့ကိုင် (ခေါင်းဆောင်) များမှာ --
(၁) ဦးမိုဟာမတ်အီလီယာစ် (ဘ) ဦးတာဇော်မူလုခ် (အသက် ၄၅ နှစ်)
(၂) ဦးအေဇာဇူလ်ဟောက် (ဘ) ဦးဘော်ဒေါ်ရာမန် (အသက် ၅၀ နှစ်)
(၃) ဦးရှော်ရှုဟူဆောင်း (ဘ) ဦးအစ္စမိုင်လ် (အသက် ၄၀ နှစ်)
(၄) ဦးဆာဘူအလီ (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၅၁ နှစ်)
(၅) ဦးအီမာန်ဟူစိန်း (ဘ) ဦးဇော်လာလ် (အသက် ၄၆ နှစ်)
(၆) ဦးရော်ဟီမူလ္လာ (ဘ) ဦးဇော်လာလ် (အသက် ၅၀ နှစ်)
(၇) ဦးအဒူဆလာမ် (ဘ) ဦးဇီယာဟူဆောင်း (အသက် ၄၅ နှစ်)
(၈) ဦးမော်တူလုခ် (ဘ) ဦးအဒူဆလာမ် (အသက် ၄၀ နှစ်)
(၉) ဦးမိုဟာမတ်နော်စီးမ် (ဘ) ဦးအာမတ်ရှော်ရိဖ် (အသက် ၅၀ နှစ်)
(၁၀) ဦးအဒူလ္လာ (ဘ) ဦးကာဆိမ်း (အသက် ၃၀ နှစ်)
(၁၁) ဦးဆော်ယောဒူလ္လာ (ဘ) ဦးရှော်ဘီအုလ္လာ (အသက် ၃၅ နှစ်)
(၁၂) ဦးရော်ရှီဒူလ္လာ (ဘ) ဦးအေကလာစ် (အသက် ၃၅ နှစ်)
(၁၃) ဦးအီဆုပ် (ဘ) ဦးဆော်လီမူလ္လာ (အသက် ၄၀ နှစ်)
(၁၄) ဦးဟာဖီးဇ် အာမတ် (ဘ) ဦးရော်ရှိတ် (အသက် ၄၁ နှစ်) -- တို့ဖြစ်သည်။