April 02, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

နယ်ခြားစောင့်ရဲများက ပစ္စည်းများ လုယက်သည့် အပြင် ယာယီကဒ်ပြားများပါ သိမ်းဆည်း



Rohingya Eye
RB News
22.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲနှစ်ဦးက ဒေသခံ ရိုဟင်ဂျာ ရွာသား နှစ်ဦးထံမှ ပစ္စည်းများ လုယက်ခဲ့သည့် အပြင် ယာယီ ကဒ်ပြားများကို သိမ်းဆည်း ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၂၁) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲနှစ်ဦးသည် ကျားခေါင်းတောင် ကျေးရွာ၏ တောင်ဘက်သို့ သောက်စား မူးယစ်ပြီး ဆိုင်ကယ်ဖြင့် ၀င်ရောက် လာခဲ့သည်။ ထို့နောက် မောင်တောမြို့ပေါ်မှာ ဘတ်စ်ကားဖြင့် ရွက်ညိုတောင် ကျေးရွာသို့ ရောက်ရှိပြီး ထိုမှတဆင့် ပွင့်ဖြူချောင်း ကျေးရွာသို့ ခြေလျင် ပြန်နေသည့် သားအဖ နှစ်ဦးထံမှ ပစ္စည်းများ လုယက်သည့် အပြင်၊ ယာယီ ကဒ်ပြားများလည်း သိမ်းဆည်း သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ပစ္စည်းများ လုယက်ခံရသည့် အပြင် ယာယီကဒ်ပြားများပါ သိမ်းဆည်းခံရသည့် သားအဖ နှစ်ဦးမှာ ဦးဆော်ဒူရောန် (ဘ) ဦးအော်လ်ဟိုက်ရ် (အသက် ၄၀ နှစ်) နှင် ၎င်း၏ အသက် ၁၈ နှစ်ခန့် အရွယ် သမီးတို့ ဖြစ်ကြောင်း သိရသည်။ နယ်ခြားစောင့် ရဲနှစ်ဦးက ဦးဆော်ဒူရောန်၏ သမီးဖြစ်သူကို ကာအိနြေ္ဒ ဂုဏ်သိက္ခာ ပျက်ပြားစေသည့် အထိ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သားအဖနှစ်ဦး မြို့ပေါ်မှ ၀ယ်ယူလာသည့် ပစ္စည်းများကို လုယက်၍ ယာယီကဒ်ပြား များကို သိမ်းဆည်း သွားခြင်း ဖြစ်သည်။

ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်း၊ လုယက်ခြင်း များကို ပိုမို အတင့်ရဲစွာ လုပ်ဆောင် နေသည်ကို တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက အရေးမယူဘဲ လျစ်လျူရှုထားသဖြင့် အခြေအနေ ပိုမိုဆိုးရွား လာနေသည်ဟု ဒေသခံများက ဆိုသည်။

၁၉၇၄ ခုနှစ်မှ စ၍ ဒေသခံ ရိုဟင်ဂျာများ ကိုင်ဆောင်သည့် အမျိုးသား မှတ်ပုံတင် များကို ယခုကဲ့သို့ သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့ပြီး၊ ယခုလည်း ယာယီကဒ်ပြားများကို သိမ်းဆည်းခြင်း၊ ဆုတ်ဖြဲ၍ လွှင့်ပစ်ခြင်းများကို လက်နက်ကိုင် အာဏာပိုင်များက မကြာခဏ ပြုလုပ်လျက် ရှိသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus