April 28, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကြိမ်ချောင်း စ.ရ.ဖ က ခမောင်းဆိပ် ရွာသား တစ်ဦးထံမှ ငွေကျပ် ၅ သိန်း ညှစ်




MYARF
RB News
18.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ မှ တာဝန်ခံ တစ်ဦးက ခမောင်းဆိပ် ရွာသား တစ်ဦးထံမှ ငွေကျပ် ၅ သိန်း ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၃) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ တာဝန်ခံနှင့် ခမောင်းဆိပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း တို့သည် မင်းခမောင်းရွာမှ ဈေးခေါင်း ဖြစ်သူ ဦးအဒူရော်ဟိမ်းကို တရားမ၀င် ပစ္စည်းများ ရောင်းဝယ် နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ခမောင်းဆိပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းသည် ဒေသခံ ရိုဟင်ဂျာ ရွာသား များကို အမြဲတစ်စေ ခေါ်ပြီး အကြောင်း အမျိုးမျိုး ခေါင်းစဉ်တပ်၍ ငွေညှစ်လေ့ ရှိကြောင်း သိရသည်။ ၎င်းတောင်းသည့် ငွေကို မပေးပါက နယ်ခြားစောင့် ရဲတပ်ဖွဲ့ သို့မဟုတ် စစ်တပ်ကို ခေါ်၍ အပ်နှံလေ့ ရှိသည်ဟု ဆိုသည်။ ယခုလည်း စ.ရ.ဖ တာဝန်ခံနှင့် ပူးပေါင်း၍ အပြစ်မဲ့ ရွာသားထံမှ ငွေညှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် စ.ရ.ဖ တို့က ဒေသခံ ရွာသားများကို လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး မကြာခဏ ငွေညှစ်၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်လျက် ရှိသော်လည်း ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့မှ တားဆီး အရေးယူခြင်း မပြုသည့် အပြင်၊ ဒေသတွင်း အကြီးအကဲ တစ်ဦး ဖြစ်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို ကိုယ်တိုင် အစည်းအဝေး များတွင် ရိုင်းစိုင်းစွာ သုံးနှုန်း ပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus