နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့မှ ယာဉ်ထိန်းရဲများက ဆိုင်ကယ်သမား များထံမှ ငွေညှစ်




MYARF
RB News
18.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်ရှိ ယာဉ်ထိန်းရဲ များသည် ဘူးသီးတောင် - ညောင်ချောင်းလမ်းရှိ မြို့အ၀င် လမ်းတွင် စောင့်၍ နယ်ကျေးရွာ များမှ လာသည့် ဆိုင်ကယ်သမား များထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်ရှိ ယာဉ်ထိန်းရဲများသည် ဘူးသီးတောင် - ညောင်ချောင်းလမ်းရှိ မြို့အ၀င် လမ်းတွင် စောင့်၍ နယ်ကျေးရွာများမှ မြို့ထဲသို့ ဆိုင်ကယ်စီးလာသည့် ဒေသခံ ရိုဟင်ဂျာ များကို ဆိုင်ကယ် ဦးထုပ် မဆောင်း၊ သုံးယောက်စီး၊ ယာဉ်မောင်း လိုင်စင်မပါ၊ ဘီးခွန် မဆောင်ဟု အမျိုးမျိုး စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ယခု အပတ်အတွင်း ဒေသခံ ရိုဟင်ဂျာ (၅၀) ဦးခန့် ငွေညှစ်ခံ ခဲ့ရကြောင်း သိရသည်။ ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဦးရော်ရှိတ် - ကကျဘက်ရွာမှ - ညှစ်ခံရသည့် ငွေကျပ် နှစ်သောင်း
(၂) ဦးရော်ဖိတ် - ကကျဘက်ရွာမှ - ညှစ်ခံရသည့် ငွေကျပ် နှစ်သောင်း
(၃) ဦးဟာမိတ် - ဘုရားပြင်အောင်ပရွာမှ - ညှစ်ခံရသည့် ငွေကျပ် နှစ်သောင်း ငါးထောင်
(၄) ဦးအီနုစ် - ဘုရားပြင်အောင်ပရွာမှ - ညှစ်ခံရသည့် ငွေကျပ် သုံးသောင်း
(၅) ဦးဟာမိတ် - ဘုရားပြင်အောင်ပရွာမှ - ညှစ်ခံရသည့် ငွေကျပ် ခြောက်သောင်း
(၆) ဦးဆော်လိမ် - ကာဒီရွာမှ - ညှစ်ခံရသည့် ငွေကျပ် ငါးသောင်း -- တို့ဖြစ်သည်။

မောင်တောခရိုင်တွင် ဌာန ပေါင်းစုံမှ နည်းလမ်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်းများ ပြုလုပ်နေသည်ကို အထက် အာဏာပိုင်များကို တင်ပြလျှင်လည်း တိုင်ကြားသူကိုသာ ပြန်လည် ခြိမ်းခြောက်ခြင်းများဖြင့် တုန့်ပြန်လျက် ရှိကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus