နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုက်နှက်၍ ဘင်္ဂလားဖုန်း သုံးသည်ဟု အတင်း အဓမ္မ ၀န်ခံခိုင်းပြီး ငွေညှစ်



MYARF
RB News
3.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျားခေါင်တောင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို နယ်ခြားစောင့် ရဲများက ရိုက်နှက်၍ ဘင်္ဂလား ဖုန်းသုံးနေသည်ဟု အတင်း အဓမ္မ ၀န်ခံခိုင်းပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၄ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် ကျားခေါင်တောင်း ကျေးရွာမှ အေနာမုလ်ဟောက် (ဘ) ဦးဖွေယာဇုလ်ဟောက် (အသက် ၂၃ နှစ်) သည် တဖက်နိုင်ငံမှ ပြန်လာစဉ် ငါးခူရ ကျေးရွာ အုပ်စု၊ ခိုင်ဖာရာ၏ မြောက်ဘက်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းမှ ရဲများက စစ်ဆေးရန် ရှိသည်ဟု ဆိုကာ စစ်ဆေးခဲ့သည်။ ၎င်း၏ ပစ္စည်းများထဲတွင် ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ မပါရှိခဲ့သော်လည်း၊ အိတ်ထဲတွင် ဖုန်းအားသွင်းသည့် ကြိုးတစ်ကြိုး ပါရှိခဲ့ကြောင်း သိရှိရသည်။ ရဲများက အဆိုပါ ဖုန်းအားကြိုး ပါရှိသည်ကို ဘင်္ဂလား ဖုန်းပါသည်ဟု စွပ်စွဲ၍ ငါးခူရရှိ နယ်မြေရုံးသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ထို့နောက် အေနာမုလ်ဟောက်ကို ရဲများက ရိုက်နှက် နှိပ်စက်ပြီး ဘင်္ဂလား ဖုန်းသုံးနေသည်ဟု အတင်း အဓမ္မ ၀န်ခံခိုင်းပြီး တစ်ရက် တိတိ ချုပ်နှောင် ထားကာ ငွေကျပ် နှစ်သိန်း ညှစ်ယူပြီး ဇန်န၀ါရီလ (၁) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်တောနှင့် ဘူးသီးတောင် မြို့နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော် တပ်ရင်းများ၊ ဌာန ဆိုင်ရာများ ကိုယ်တိုင် ဘင်္ဂလား ဖုန်းကို ပေါ်ပေါ်တင်တင် တရားဝင် သုံးစွဲလျက် ရှိပြီး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကဒ်များ သုံးစွဲလျက် ရှိသော ဒေသခံ ရိုဟင်ဂျာ များကို အာဏာပိုင်များက ဘင်္ဂလား ဖုန်းများ သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက် ငွေညှစ်ခြင်းများ နေ့စဉ်များ အဆက် မပြတ် ပြုလုပ်လျက် ရှိသည်။ အာဏာပိုင်များ၏ ဥပဒေမဲ့ လုပ်ရပ်များကို ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရသို့ တိုင်စာများ အကြိမ်ကြိမ် ပို့၍ တိုင်ကြားလျက် ရှိသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus