နောက်ဆုံးသတင်း/ဆောင်းပါးများ

ဓါးပြများနှင့် ဆက်သွယ် နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ နယ်ခြားစောင့် ရဲများက ငွေညှစ်



MYARF
RB News
3.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင် ကျေးရွာရှိ နယ်ခြားစောင့် ရဲများက သ၀င်ချောင်းနှင့် သင်္ဘောကွေး ကျေးရွာများရှိ ဒေသခံ ရိုဟင်ဂျာ များကို အာဏာပိုင်များနှင့် နားလည်မှု ယူ၍ ဓါးပြတိုက် နေသည့် ဓါးပြများနှင့် ဆက်သွယ် နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၄ ဒီဇင်ဘာလ ၂၄ ရက်နေ့က မောင်တောမြို့နယ် သ၀င်ချောင်း ကျေးရွာ အတွင်းသို့ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲများ ၀င်ရောက် လာပြီး၊ အာဏာပိုင်များနှင့် နားလည်မှု ယူ၍ ဓါးပြ တိုက်နေသည့် အဒူလ်ဟာကိမ်းနှင့် အဖွဲ့နှင့် ဆက်သွယ်၍ ကူညီနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဒေသခံ ရိုဟင်ဂျာ (၅) ဦးကို ဖမ်းဆီး၍ အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားခဲ့ပြီး (၄) ရက်တိတိ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ၎င်းတို့ (၅) ဦးထံမှ ငွေကျပ် ၁၃ သိန်း ညှစ်ယူ၍ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီး ရိုက်နှက်ခံရပြီးနောက် ငွေညှစ်ခံရသည့် သ၀င်ချောင်းမှ ဒေသခံ ရိုဟင်ဂျာ (၅) ဦးမှာ --

(၁) ဒေါ်ရာဘီခါတူ (ဘ) ဦးမူဇဲရ် (အသက် ၃၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း)
(၂) ဦးမာမတ်နာဇီရ် (ဘ) ဦးဆွေယာဒ်အာမတ် (အသက် ၅၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း)
(၃) ဦးအာမာန်အုလ္လာ (ဘ) ဦးအာမီးန်အုလ္လာ - (ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း)
(၄) ဦးရော်ဘီစ်အာမတ် (ဘ) ဦးအိုလာမျာ - (ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း)
(၅) မော်လ၀ီ ဆော်ဒူ (ဘ) မော်လ၀ီ ဦးအဒူရာမန် - (ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း) -- တို့ ဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ကပင် ဘင်္ဘောကွေး ကျေးရွာ အတွင်းသို့လည်း နယ်ခြားစောင့် ရဲများ ၀င်ရောက်ပြီး၊ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို ဓါးပြများနှင့် ဆက်သွယ် နေသည်ဟု လုပ်ကြံ စွပ်စွဲပြီး ဖမ်းဆီး ချုပ်နှောင် ထားခဲ့ပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီးနောက် ငွေကျပ် ၆ သိန်း ၇ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

သင်္ဘောကွေးမှ ရိုက်နှက် ငွေညှစ်ခံရသူ (၃) ဦးမှာ --

(၁) ကိုမာမတ်ကာဆိမ်း (ဘ) ဦးဟာမိဒုလ္လာ (အသက် ၂၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း ၅ သောင်း)
(၂) ဦးဟာရှိမ်းအုလ္လာ (ဘ) ဦးကာဆိမ်း (အသက် ၅၀ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၅ သောင်း)
(၃) ဦးဆွေယာဒူလ္လာ (ဘ) ဦးနာဇိရ်အာမတ် (အသက် ၄၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၇ သောင်း) -- တို့ဖြစ်သည်။

မောင်တောမြို့နယ် အတွင်း ယခင် န.စ.က လက်ထက်ကတည်းက ဓါးပြဗိုလ် အဒူလ်ဟာကိမ်းနှင့် အဖွဲ့ကို တရားဝင် ဓါးပြများကဲ့သို့ ထားရှိခဲ့ပြီး၊ ယခု အချိန်ထိ မကြာမကြာ ဓါးပြတိုက်မှုများ ပြုလုပ်လျက် ရှိသော်လည်း၊ အာဏာပိုင်များက အမှန်တကယ် ဓါးပြများကို ဖမ်းဆီးခြင်း မပြုလုပ်ဘဲ၊ အပြစ်မဲ့ ဒေသခံများကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်း များသာ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus