နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗျူဟာမှူးရွာရှိ တပ်မတော် စစ်စခန်းက ငါးဖမ်းစက်လှေ များထံမှ အပတ်စဉ်ကြေး ယူလျက်ရှိ



Rohingya Eye
RB News
12.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူး ကျေးရွာ အခြေစိုက် တပ်မတော် စစ်စခန်းက ငါးဖမ်းစက်လှေ များထံမှ အပတ်စဉ်ကြေး ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာသား အများစုမှာ ငါးဖမ်း လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုလျက်ရှိပြီး၊ ၎င်းလုပ်ငန်းသည် ဆင်းရဲသား အများစု မှီခို အားထားရသည့် လုပ်ငန်း တစ်ခု ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ များကို ဌာနဆိုင်ရာ အသီးသီးမှ မကြာခဏ အကြောင်းမဲ့ ငွေတောင်းခံခြင်း၊ ငါးဖမ်းသမားများကို အချိန်မတော် ဖမ်းဆီး၍ ငွေညှစ်ခြင်း၊ နယ်ခြားစောင့် ရဲများက ငါးများ လုယက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့မှ စ၍ ဗျူဟာမှူးရွာ အခြေစိုက် တပ်မတော် စစ်စခန်းက ငါးဖမ်း စက်လှေများထံမှ တစ်ပတ်လျှင် ငွေကျပ် ၅၀၀၀ စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ အလယ်သံကျော်တွင် လူ ၅ မှ ၆ ဦးထိ တင်ဆောင် နိုင်သည့် ငါးဖမ်းစက်လှေ အစီး ၅၀ ကျော်ရှိပြီး၊ ဆင်းရဲသား အများစုမှာ ငါးဖမ်းစက်လှေ များဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသူများ ဖြစ်သည်။

“ကျွန်တော်တို့ ဒီလုပ်ငန်းနဲ့ ကြီးပြင်းလာတယ်၊ အရင်က အနှောက်အယှက် မရှိခဲ့ဘူး၊ အခုလို တပတ်ကို ၅၀၀၀ စီ စစ်တပ်ကို ပေးနေရမယ် ဆိုရင် အခြားသော လုံခြုံရေး အဖွဲ့တွေကလည်း တောင်းဦးမှာဘဲ၊ အဲဒီတော့ ကျွန်တော်တို့ ဒုက္ခခံပြီး ရှာသမျှ သူတို့ကိုပေး၊ ကျွန်တော်တို့မှာ ဘာမှ ကျန်မှာ မဟုတ်ဘူး။ ကြာရင် ဒီလုပ်ငန်းလည်းပျက်၊ နောက်ဘာမှ လုပ်စရာကျန်မှာ မဟုတ်တော့ဘူး” ဟု ဒေသခံ တစ်ဦးက ၀မ်းနည်းစွာဖြင့် RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus