နောက်ဆုံးသတင်း/ဆောင်းပါးများ

စ.ရ.ဖ၊ လူကုန်ကူးမှု အဖွဲ့နှင့် အုပ်ချုပ်ရေးမှူး တို့က မိသားစု တစ်စု ထံမှ ငွေကျပ် ၃၁ သိန်းညှစ်



Rohingya Eye
RB News
12.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော် ကညင်တန်း (ဂေါ်ဇာမ်ဒီယား) ကျေးရွာရှိ မိသားစု တစ်စုထံမှ စ.ရ.ဖ၊ လူကုန်ကူးမှု အဖွဲ့နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့က ငွေကျပ် ၃၁ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာ (ဂေါ်ဇာမ်ဒီယား) ကျေးရွာမှ ဦးအလီဇူဟာရ်၏ ဇနီး ဒေါ်အာရာဖာခါတူ (ဘ) ဦးနူရူအစ္စလာမ် (အသက် ၄၆ နှစ်) အား ဇန်န၀ါရီလ (၂၅) ရက်နေ့က ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာက တဖက် နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ခြိမ်းခြောက်ပြီး ငွေကျပ် ၁၇ သိန်း ညှစ်ယူခဲ့သည်။ ဇန်န၀ါရီလ (၂၆) ရက်နေ့တွင် ဒေါ်အာရာဖာခါတူ၏ သားဖြစ်သူ ဖေရုစ် (အသက် ၂၁ နှစ်) သည် အလယ်သံကျော် ဈေးသို့ သွားနေစဉ် အလယ်သံကျော် အခြေစိုက် စ.ရ.ဖ အဖွဲ့က ဖမ်းဆီး၍ မိခင် ဖြစ်သူ တဖက်နိုင်ငံသို့ သွားသည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တဖန် သုံးရက် အကြာတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ ခေါင်းဆောင် ရဲအုပ်စံမင်းသည် ဒေါ်အာရာဖာခါတူကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး တဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် (၈) သိန်း ထပ်မံ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ၏ မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်မှုသည် ကျေးရွာ အတွင်း ပြန့်နှံ့သွားပြီးနောက် စ.ရ.ဖ နှင့် လူကုန်ကူးမှု တားဆီးရေး အဖွဲ့ကပါ အခွင့်ကောင်း ယူ၍ ထပ်ကာထပ်ကာ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အာရာဖာခါတူသည် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်း တဖက်နိုင်ငံသို့ မောင်တောမြို့နယ် အမှတ် (၁) အ၀င်/အထွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စစ်ဆေးရေး စခန်းမှ တရားဝင် နိုင်ငံကူးလက်မှတ်ဖြင့် (၇) ရက် နေထိုင်ခွင့်ဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စ.ရ.ဖ နှင့် လူကုန်ကူးမှု တားဆီးရေး အဖွဲ့ တို့မှ အာဏာ အလွဲသုံးစား ပြုလုပ်ပြီး ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus