နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ့ဆက်သွယ်ရေးမှ ဂျီအက်စ်အမ် သုံးသူကို ဘင်္ဂလားဖုန်း သုံးစွဲသည်ဟု ဆိုကာ ငွေညှစ်



Rohingya Eye
RB News
9.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ လူငယ် တစ်ဦးက မြန်မာ့ဆက်သွယ်ရေးမှ ဂျီအက်စ်အမ် ဖုန်းဖြင့် သီချင်းနားထောင် နေစဉ် နယ်ခြားစောင့် ရဲများက ဘင်္ဂလား ဖုန်းသုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၅) ရက်နေ့ ညနေပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ လူငယ်တစ်ဦး ဖြစ်သည့် မာမတ်ရော်ဟိမ်း (ဘ) ဦးမာမတ်ဟာရှိမ်း (အသက် ၂၇ နှစ်) သည် မြန်မာ့ဆက်သွယ်ရေးမှ ဂျီအက်စ်အမ် ဖုန်းဖြင့် သီချင်းနားထောင်စဉ် ရွာထဲတွင် ကင်းလှည့်နေသည့် ငါးခူရ စခန်းမှ နယ်ခြားစောင့် ရဲများ ရောက်ရှိလာပြီး၊ ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငါးခူရ နယ်မြေရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ ည ၉ နာရီအချိန်တွင် မာမတ်ရော်ဟိမ်း ထံမှ ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ရွာသား တစ်ဦးက “နယ်ခြားစောင့် ရဲတွေက မကြာခဏ ရွာကိုလာပြီးတော့ မတော်မတရား ဖမ်းဆီးပြီး ငွေညှစ်တယ်။ ဟန်းဆက် တွေ့ရင်လည်း ဘင်္ဂလား ဆင်းမ် သုံးတယ်ဆိုပြီး ငွေညှစ်တယ်၊ တချို့နေရာမှာ ကျတော့ တရားဝင် ဂျီအက်စ်အမ် သုံးတာ တွေ့ရင်လည်း ရဲတွေကိုယ်တိုင် ဂျီအက်စ်အမ် ဆင်းမ်ကို ထုတ်ပြီး ဘင်္ဂလားဆင်းမ် ထည့်ပြီး ငွေညှစ်တယ်။ သူတို့က မင်းတို့ကို ဒီလိုလုပ်ဖို့ဘဲ ငါတို့ ဒီကိုလာတာ၊ မင်းတို့ အင်တာနက်ပေါ် တင်ပေးရင်လည်း ငါတို့ မကြောက်ဘူး၊ ငါတို့ကို ဘယ်သူကမှ အရေးယူမှာ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း ဘယ်သူ့ကို တိုင်ရမယ်ဆိုတာ မသိတော့ဘူး” ဟု ပြောပါသည်။

Comment ရေးရန်

Rohingya Exodus