March 14, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မိုဘိုင်းဖုန်း သုံးစွဲသူများကို ရဲများနှင့် နယ်ခြားစောင့် ရဲများ ဖမ်းဆီး၍ ငွေညှစ်



Rohingya Eye & MYARF
RB News
10.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မိုဘိုင်းဖုန်း သုံးစွဲနေသည့် ဒေသခံများကို လက်နက်ကိုင် အာဏာပိုင်များက ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၈) ရက်နေ့တွင် မောင်တောမြို့နယ် ရွှေဇား ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာ လူငယ် တစ်ဦး ဖြစ်သည့် ဂျာဘတ် (ဘ) ဦးဟာလာအာမတ် (အသက် ၁၆ နှစ်) သည် သူငယ်ချင်း ၃ ဦးနှင့် အတူ စေတီပြင်ခွဆုံတွင် ဆင်းမ်ကဒ် မပါသည့် ဖုန်းဟန်းဆက်ဖြင့် သီချင်းနားထောင်၍ သူငယ်ချင်းများနှင့် စကားလက်ဆုံ ကျနေစဉ်၊ ရွှေဇား တံတား အနီး ဂူနာရွာ ရဲကင်းစခန်းမှ ရဲများ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး၊ ၎င်းတို့ကို ရှာဖွေမည်ဟု ဆိုကာ ရှာဖွေခဲ့ပြီး တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ဖုန်းဟန်းဆက် လက်ဝယ်ရှိသူ ဂျာဘတ်ကို ကင်းစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး၊ ရဲများက ဖုန်းထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်ကာ ဘင်္ဂလားဖုန်းဖြင့် ဖမ်းဆီးမိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် နှစ်သိန်း ညှစ်ယူက ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ အဆိုပါ ကင်းစခန်းမှ တာဝန်ခံ ရဲအုပ်သည် စေတီပြင် ဈေး၌ ဓါတ်ဆီရောင်းသူများ ထံမှ တစ်ဆိုင်လျှင် ငွေကျပ် တစ်သောင်းနှုန်းစီ လစဉ် ကောက်ခံလျက် ရှိပြီး၊ ၎င်းတောင်းသည့် လစဉ် ဆက်ကြေးကို မပေးလျှင် ဒဏ်ငွေ တစ်သိန်း ပေးရမည်ဟု ခြိမ်းခြောက်သောကြောင့် တောင်းခံသည့် လစဉ် ဆက်ကြေး ပေးနေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာရှိ နယ်ခြားစောင့် ရဲများသည် ဖေဖော်ဝါရီလ (၂၈) ရက်နေ့က ကျောက်ပန္ဒူ ရွာသား တစ်ဦး ဖြစ်သည့် မော်လ၀ီ ဟော်လိလ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၂ နှစ်) ကို လမ်းသွားနေစဉ် ဘင်္ဂလားဖုန်း ရှိသည်ဟု စွပ်စွဲ၍ စစ်ဆေးခဲ့သည်။ ဘင်္ဂလားဖုန်း မတွေ့ရှိခဲ့သော်လည်း ဘင်္ဂလားဖုန်း ရှိသည်ဟု သတင်း ရရှိခဲ့သည်ဟု ဆိုကာ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း သုံးသောင်း ညှစ်ယူခဲ့သည်။

မတ်လ (၅) ရက်နေ့တွင် အင်းဒင် (စခန်း အမှတ် ၁၈) မှ နယ်ခြားစောင့် ရဲများသည် ကျောက်ပန္ဒူရွာမှ နူရ်အာလောမ် (ဘ) ဦးနူရ်ဆော်လာမ် (အသက် ၂၅ နှစ်) ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းတစ်လုံးဖြင့် ဖမ်းဆီး၍ အင်းဒင် စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ အင်းဒင် စခန်းတွင် နယ်ခြားစောင့် ရဲတစ်ဦးက “မင်းတို့တွေ MPT မပြောနဲ့၊ ဘာဖုန်းမှ ကိုင်ခွင့်မရှိဘူး၊ မင်းတို့နဲ့ ဖုန်းနဲ့ မတန်ဘူး” ဟု စော်ကား ပြောဆို၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ မတ်လ (၆) ရက်နေ့ကလည်း ကျောက်ပန္ဒူ ရွာမှ နူရ်ကာမာလ်ကို MPT ဖုန်းတစ်လုံးဖြင့် လမ်းတွင် တွေ့သဖြင့် နယ်ခြားစောင့် ရဲများက စော်ကားဆဲဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus