နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် လေးမြို့ စခန်း (၂၁) နယ်ခြားစောင့် ရဲစခန်းမှူးက ဒေသခံများထံမှ ငွေညှစ်



RB News
3.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၊ လေးမြို့ အမှတ် (၂၁) စခန်းမှ စခန်းမှူးနှင့် တပည့်များက အပြစ်မဲ့ ဒေသခံများကို မဟုတ်မမှန် စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေသိန်းချီ၍ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၊ လေးမြို့ အမှတ် (၂၁) စခန်းမှ စခန်းမှူးနှင့် တပည့်များ ဖြစ်ကြသော ဦးဇော်မြင့်နိုင် (ခ) ဦးဟာနိဖ်၊ ဦးအနိုဝါဆာဒဲခ် (ဘ) ဦးကာမာလ်၊ ဦးအာရာဖတ် (ကြာညိုပြင်)၊ ကင်းတောင် ကျေးရွာ ဥက္ကဌဟောင်း ဦးအဒူဆာလာမ် တို့သည် ကင်းတောင် ကျေးရွာနှင့် (၂၁) အုပ်စု အပိုင် ဧရိယာ အတွင်းနှင့် ပြင်ပမှ ဒေသခံများနှင့် ပတ်သက်၍ မဟုတ်မမှန် သတင်းများ လွှင့်ထုတ်ပြီး၊ အလုပ်လက်မဲ့များ၊ တစ်နေ့တာ တစ်နေ့ ရှာဖွေ လုပ်ကိုင် စားသောက်နေသည့် ဒေသခံ ရွာသာများကို ရိုက်နှက်၊ ညှဉ်းပန်း နှိပ်စက်၊ ဖမ်းဆီး၍ ချုပ်နှောင်ခြင်းများ ပြုလုပ်ပြီး ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

မတ်လ (၂၂) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ကောက်ရိုးပုံ (၅) ပုံကို အမည်မသိ လူတစ်စုက မီးရှို့ပြီးနောက် မတ်လ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ကောက်ရိုးပုံ ပိုင်ရှင်များကို စခန်း အမှတ် (၂၁) မှ စခန်းမှူးက ဆင့်ခေါ်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ ထို့အပြင် ဒေသခံ ရွာသားများကို သားဖြစ်သူများ နိုင်ငံရပ်ခြားသို့ ထွက်သွားသည်ဟု ဆိုကာ ငွေညှစ်မှုများလည်း အဆက်မပြတ် ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။ ကင်းတောင် ရွာသူရွာသားများ တည်ငြိမ် အေးချမ်းစွာ နေထိုင်လျက် ရှိသော်လည်း ဦးဇော်မြင့်နိုင် ဦးဆောင်သည့် အဖွဲ့သည် နေ့စဉ်နှင့် အမျှ မဟုတ်မမှန် အမှုများ လုပ်ကြံ ဖန်တီးကာ နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

ငွေညှစ်ခံရသူ အချို့မှာ --

(၁) မော်လ၀ီ အာလီဒိန် (ဘ) ဦးအိဆာခ် (ညှစ်ခံရသည့် ငွေကျပ် ၇ သိန်း၊ စခန်း (၂၁) စခန်းမှူးမှ ငွေညှစ်ခြင်းဖြစ်)
(၂) ဦးအဒူဟာလဲခ်၊ ဦးအာဘူတာဟဲရ်၊ ဒေါ်လိလ်ဘာရ်၊ ဦးအဒူလ္လာနှင့် ဦးအာဇူမူဒိန် -- တို့ထံမှ ကောက်ရိုးပုံ မီးရှို့ခံရခြင်းနှင့် ပတ်သက်၍ စခန်း (၂၁) စခန်းမှူးက ငွေကျပ် ၂ သိန်း ညှစ်ယူ
(၃) ဟာဖီးဇ် ဦးရာမောတ်ဟူစိန်း (ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း)
(၄) ဦးအောဒ်အာလီ (ဘ) ဦးအဒူဆော်ဘိ (သားဖြစ်သူ ဆော်ဒီသွားသည်ဟု ဆိုကာ မတ်လ (၂၆) ရက်နေ့က ငွေကျပ် ၃ သိန်း ညှစ်ခံရ)
(၅) ဦးအစ္စလာမ် (ဘ) ဦးကာလူ (ညှစ်ခံရသည့် ငွေကျပ် ၉ သိန်း)
(၆) ဦးအာဘူ (ဘ) ဦးမော်ဂုလ်အာမတ် (သားဖြစ်သူ မလေးရှားသွားသည်ဟု ဆိုကာ ငွေကျပ် ၂ သိန်း ၅ သောင်း ညှစ်ခံရ)
(၇) ဦးတော်ဇူမ်အလီ (သားဖြစ်သူ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသည်ဟု ဆိုကာ ငွေကျပ် ၁ သိန်း ညှစ်ခံရ)
(၈) ဦးမာမတ်ရှား (ဘ) ဦးတူရ်အာလီ (သားဖြစ်သူ မလေးရှားသို့ သွားသည်ဟု ဆိုကာ ငွေကျပ် ၄ သိန်း ညှစ်ခံရ) -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus