နောက်ဆုံးသတင်း/ဆောင်းပါးများ

အသက် ၆၅ နှစ် အရွယ် အဖိုးအို တစ်ဦးကို နယ်ခြားစောင့်ရဲ အရာရှိ တစ်ဦးက အကြောင်းမဲ့ ရိုက်နှက်

နယ်ခြားစောင့်ရဲ အရာရှိ၏ လူမဆန်စွာ ထိုးကြိတ်မှုကို ခံရသည့် ဦးအဒူရာမန်

RB News
8.7.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် ချိလ်ခါလီ ရိုဟင်ဂျာ ကျေးရွာမှ အသက် ၆၅ နှစ် အရွယ် အဖိုးအို တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ရသေ့တောင် မြို့နယ် ချိလ်ခါလီ ရိုဟင်ဂျာ ကျေးရွာမှ ဦးအဒူရာမန် (ဘ) ဦးအဒူရူကူရ် (အသက် ၆၅ နှစ်) သည် ဇူလိုင်လ (၇) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ချိလ်ခါလီ ရခိုင်ရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် ထံသို့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် သွားရောက် ခဲ့သည်။ ထိုအချိန်တွင် ချိလ်ခါလီ ရိုဟင်ဂျာရွာမှ ရာအိမ်မှူး များလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် အတူ ရှိနေခဲ့သည်။ 

ဦးအဒူရာမန်သည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ထံသို့ ရောက်ရှိပြီး နာရီဝက်ခန့် အကြာတွင် ရခိုင်ရွာ အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ် စောမင်းအောင် ရောက်ရှိလာပြီး ဥပုသ်စောင့် ထားသည့် ဦးအဒူရာမန်ကို တစ်စုံတစ်ရာ မေးမြန်းခြင်းပင် မပြုလုပ်ဘဲ အင်္ကျီကိုဆွဲ၍ မျက်နှာ၊ နှာခေါင်းနှင့် နားရွက်တို့ကို လူမဆန်စွာ အကြောင်းမဲ့ ထိုးကြိတ်ရာ သွေးများထွက်၍ သတိလစ်သည့် အထိဖြစ်သွားပြီး လဲကျ သွားခဲ့သည်။

ဦးအဒူရာမန်ကို ၎င်း၏ မိသားစုဝင်များက အင်းဒင်သို့ ဆေးကုသရန် ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus