နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲများက ခွေးနှစ်ကောင်ကို ရိုဟင်ဂျာ များ၏ ဆိတ်များ ကိုက်စေပြီး သတ်ဖြတ် စားသုံးနေ



MYARF
RB News
28.8.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာ ချောင်းဝရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းတွင် နယ်ခြားစောင့် ရဲများက ခွေးနှစ်ကောင် မွေးမြူထားသည်။ နယ်ခြားစောင့် ရဲများက ခွေးနှစ်ကောင်နှင့် အတူ ကလေးငယ်များ ဆိတ်ကျောင်းသော စားကျက် နေရာများသို့ သွားရောက်၍ ခွေးနှစ်ကောင်အား ဆိတ်များကို ကိုက်ခိုင်းသည်။ ခွေးကိုက်၍ သေဆုံးသွားသော ဆိတ်များကို ၎င်းတို့က စခန်းသို့ ယူဆောင် သွားပြီး စားသုံးလေ့ ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ယနေ့ သြဂုတ်လ (၂၈) ရက်နေ့ နေ့လည်ပိုင်းတွင် အဆိုပါ စခန်းမှ နယ်ခြားစောင့် ရဲနှစ်ဦးသည် ခွေးနှစ်ကောင်နှင့် အတူ ကလေးငယ်များ ဆိတ်ကျောင်းရာသို့ သွားရောက်ပြီး ခွေးများအား ဆိတ်များကို ကိုက်စေခဲ့ရာ ခွေးများက ဆိတ်ကိုးကောင်ကို ကိုက်ခဲ့သည်။ ခွေးကိုက်ခံရသည့် ဆိတ်ကိုးကောင်မှ ဆိတ်သုံးကောင် ချက်ချင်း သေဆုံးခဲ့သည်။ ဒဏ်ရာပြင်းထန်စွာ ရရှိသည့် ကျန်ဆိတ်ခြောက်ကောင်ကို ဆိတ်ကျောင်းသည့် ကလေးငယ်များက အိမ်များသို့ ခေါ်သွားခဲ့သည်။ အိမ်သို့ရောက်သည်နှင့် ဆိတ်သုံးကောင် ထပ်မံ သေဆုံးခဲ့သည်။ ကျန်သုံးကောင်မှာ ဒဏ်ရာများဖြင့် အသက်ရှင်လျက် ရှိကြသည်။ 

ဆိတ်များမှာ ရေတွင်းပြင် ကျေးရွာအုပ်စု တောင်ရွာမှ ဦးရှောမ်ရှုအာလောမ် (ဘ) ဦးဘူဇူရုခ်မျာ၏ ဆိတ်လေးကောင် နှင့် မုဆိုးမ တစ်ဦးဖြစ်သူ ဒေါ်ဒိလ်ဘာရ်၏ ဆိတ်ငါးကောင် တို့ဖြစ်သည်။ 

အဆိုပါ နယ်ခြားစောင့် ရဲများသည် ခွေးများကို အသုံးချ၍ ဒေသခံ ရိုဟင်ဂျာများ၏ ဆိတ်များကို နေ့စဉ်လိုလို သတ်ဖြတ် စားသုံးလျက် ရှိသည်။ ထို့အပြင် အနီးအနား ကျေးရွာများမှ လာ၍ ချောင်းတွင် ငါးဖမ်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် ငါးဖမ်းသမား များထံမှ ငါးများ လုယက်ခြင်း၊ အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ ပိုက်ကွန်များ သိမ်းယူခြင်း မကြာခဏ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus