နောက်ဆုံးသတင်း/ဆောင်းပါးများ

မြို့မ ကညင်တန်းနှင့် မြို့သူကြီးရွာ ကြားရှိ တံတား ကင်းစခန်းမှ ရဲများက ငွေညှစ်



MYARF
RB News
28.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာနှင့် မြို့သူကြီး ကျေးရွာကြားရှိ တံတား ကင်းစခန်းမှ ရဲများသည် သြဂုတ်လ (၂၅) ရက်နေ့က နွားရုံတောင် ကျေးရွာမှ မောင်တော မြို့ပေါ်သို့ လာနေသည့် ဦးမာမတ်ဂျူဟာရ် (ဘ) ဦးအာဘုလ်ကာဆိမ်အား စစ်ဆေးရာ ဦးမာမတ်ဂျူဟာရ်က ရောင်းချရန် ယူလာသည့် ရွှေဆွဲကြိုး တစ်ကုံးကို တွေ့ရှိပြီး “ကုလားများ ရွှေသယ်ယူခွင့် မရှိသဖြင့် သိမ်းဆည်းမည်” ဟု ခြိမ်းခြောက်ပြီး ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ သြဂုတ်လ (၂၂) ရက်နေ့က မောင်တော မြို့နယ် တောင်ပိုင်း၊ ဘဂုံးနား ကျေးရွာအုပ်စု မာဇိလ္လာဖာရာမှ ဦးအာဘုလ်ဟာရှိမ်ကို မောင်တော မြို့မ ရဲစခန်းမှ ရဲများက မောင်တော ဈေးမှ ဖမ်းဆီးပြီး ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်းတွင် ရခိုင်အိမ်များ မီးရှို့ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။ 

မောင်တော မြို့မ ရဲစခန်းမှ ရဲများသည် မြို့မ အလယ်ရပ်ကွက် (အမှတ် ၄ ရပ်ကွက်) အုပ်စု ရွာသစ်ရှိ အမျိုးသမီး အိမ်တွင်းမှု သင်တန်းကျောင်းရှေ့ ဗိုလ်မှူးရွာ လမ်းအ၀ရှေ့ရှိ ရခိုင်အိမ် တစ်အိမ်တွင် တစ်နေကုန် ထိုင်စောင့်ကာ နယ်ကျေးရွာ များမှ မြို့ပေါ် တက်လာသော ရိုဟင်ဂျာများကို စစ်ဆေးကာ ငွေ၊ ပစ္စည်းများ လုယက်ခြင်း၊ လူများအား ရိုက်နှက်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus