April 11, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင် ဝန်ကြီးချုပ် (ငြိမ်း) ဦးမောင်မောင်အုန်း အမ်းမြို့နယ်က ဝင်ပြိုင်မည်



မဇ္ဈိမ/DMG
26.8.2015

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နေရာ ပြည်နယ် စီးပွား / စီမံဝန်ကြီး ဦးမြအောင်ကို ခန့်အပ်

စစ်တွေ ။ ။ အငြိမ်းစား ယူသွားသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း နေရာတွင် ခေတ္တ ဝန်ကြီးချုပ် အဖြစ် စီးပွားရေး/ စီမံကိန်း ပြည်နယ် ဝန်ကြီး ဦးမြအောင်က တာဝန်ယူ သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ဦးလှသိန်းက ပြောကြားသည်။

ဝန်ကြီးချုပ် တစ်ဦးကို လတ်တလော ရွေးချယ် ခန့်အပ်မည် ဆိုပါက ပြည်နယ် လွှတ်တော် ခေါ်ရပါမည်ပြီး အစိုးရ သက်တမ်း မှာလည်း သိပ်မကျန်တော့သည့် အတွက် ခေတ္တ ဝန်ကြီးချုပ် အဖြစ်သာ တာဝန်ယူပါက လွှတ်တော်ခေါ်ရန် မလိုအပ်တော့ကြောင်း ဦးလှသိန်းက ရှင်းပြသည်။

ရခိုင်ပြည်နယ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်းကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်ခဲ့ပြီး ဦးမောင်မောင်အုန်းသည် သြဂုတ်လ ၂၅ ရက်တွင် ဝန်ကြီးချုပ် တာဝန်မှ အငြိမ်းစားယူလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။

ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း) ဦးမောင်မောင်အုန်းသည် အငြိမ်းစားယူခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရန် သက်ဆိုင်ရာ ရွေးချယ် တင်မြှောက်ရေးဆိုင်ရာ ဥပဒေများနှင့်အညီ အမည်စာရင်း တင်သွင်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus