နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်းမှ နယ်ခြားစောင့်ရဲ ဇော်ဇော်က ဒေသခံများထံမှ ငွေညှစ်



MYARF
RB News
1.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ ဇော်ဇော်သည် လခစား ၀န်ထမ်း တစ်ဦး ဖြစ်သော်လည်း နေ့ပိုင်းတွင် စခန်းတွင် တာဝန် ထမ်းဆောင်ခြင်း မရှိဘဲ ရွာများ အတွင်း သွားလာလျက် ရှိပြီး၊ စခန်းမှူး ထံမှ ရရှိထားသော ဓါးပြလိုင်စင်၏ တန်ဖိုးကို ပေးဆပ်ရန်နှင့် ၎င်း၏ မိသားစု ချမ်းသာကြွယ်ဝရန် လိုအပ်သောငွေ များကို ရိုဟင်ဂျာ လူမျိုးများထံမှ ဓါးပြတိုက်လျက် ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အောက်တိုဘာလ (၂၈) ရက်နေ့တွင် နတ်ချောင်း ကျေးရွာအုပ်စု၊ တတ်ချောင်းရွာမှ ဦးနူရ်အစ္စလာမ် (ဘ) ဦးဘော်ရှိရ်အာမတ် (အသက် ၃၀ နှစ်) သည် တောင်ပြိုဘက်မှ လာနေစဉ် အောင်စစ်ပြင်ရွာ အလွန် တောင်ပြို ကားလမ်း အ၀တွင် နယ်ခြားစောင့်ရဲ ဇော်ဇော်က ဖမ်းဆီး ရှာဖွေခဲ့ရာ မိမိသုံးစွဲရန် ဆရာဝန်ထံမှ ဆေးကဒ်ကို တွေ့ရှိပြီး ငွေကျပ် တစ်သိန်း ဒဏ်ငွေပေးဆောင် ရမည်ဟု ဆိုကာ ခြိမ်းခြောက်၍ အတင်းအဓမ္မ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 

ယင်းနေ့တွင်ပင် ကြိမ်ချောင်းသို့ ရောက်ရှိနေသော မော်တော်ဆိုင်ကယ် ကယ်ရီသမား (၁၀၀) ကျော်ထံမှ တစ်ဦးလျှင် ငွေကျပ် တစ်ထောင်စီ ညှစ်ယူခဲ့သည်။ ထိုသို့ ဆိုင်ကယ် ကယ်ရီသမားများ ထံမှ ငွေညှစ်ရာတွင် ကားလမ်း ပေါ်တွင် ဆိုင်ကယ်များကို ရပ်တန့်ခိုင်းပြီး ဌာနပေါင်းစုံ၏ ရှေ့မှောက်တွင် လူသိရှင်ကြား ဆဲဆို အော်ဟစ်၍ ညှစ်ယူခဲ့သောကြောင့် ဓါးပြတိုက်ရန် လိုင်စင်ရထားပုံ ရသည်ဟု ဒေသခံများက ပြောဆို နေကြပါသည်။

Comment ရေးရန်

Rohingya Exodus