နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမှ ဈေးဝယ်၍ ပြန်နေသူကို ရဲများက ဖမ်းဆီး၍ လုပ်ကြံ စွပ်စွဲပြီး ငွေညှစ်



Rohingya Eye
RB News
29.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာမှ ဦးမာမတ် အီလီယာစ် (ဘ) ဦးဇော်ကော်ရီယား (အသက် ၃၄ နှစ်) သည် နိုဝင်ဘာလ (၁၆) ရက်နေ့တွင် မောင်တော မြို့မဈေးမှ စားကုန် ပစ္စည်းများ ၀ယ်ယူ၍ ရွာသို့ ပြန်နေစဉ် မြို့မတောင် ရပ်ကွက်၊ ဗိုလ်မှူးရွာရှိ ဒေါက်တာ ခင်မောင်လှ၏ အိမ်ရှေ့ရှိ ရဲကင်း စခန်းမှ ရဲများက ၎င်းကို ခရိုင် ပြည်သူ့ ဆေးရုံရှေ့မှ ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ထို့နောက် ရဲများက အင်္ကျီအိတ်ထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်ပေးပြီး ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံစွပ်စွဲ၍ ညှဉ်းပန်း နှိပ်စက်ပြီးနောက် ငွေကျပ် ၄ သိန်း တောင်းခံရာ၊ ၎င်းက ပစ္စည်းများ ၀ယ်ယူလိုက်သောကြောင့် ငွေမရှိတော့ကြောင်း ပြောဆိုသော်လည်း နောက်ဆုံးတွင် ၀ယ်ယူထားသည့် ပစ္စည်းများကို ဈေးတွင် ပြန်ပေးခိုင်းပြီး ငွေကျပ် (၄) သိန်း ညှစ်ယူ၍ ရမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus