နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖုရားပြင်အောင်ပ ကျေးရွာမှ စစ်သားများက ဒေသခံ တစ်ဦးထံမှ ငွေ ၄ သိန်း ညှစ်




MYARF
RB News
6.11.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာ အုပ်စု အကွက် (၉) နေ ဦးအီလီယာစ် (ဘ) ဦးလာလူးကို ရာအိမ်မှူးက နိုဝင်ဘာလ (၃) ရက်နေ့ ညကင်းစောင့်ရန် ခေါ်ခဲ့ရာ ၎င်းက “ဒီနေ့ည ကျွန်တော်မှ အရေးကြီး အလုပ်တစ်ခု ရှိလို့ ဒီနေ့ည ကျွန်တော့် အစား အခြားတစ်ယောက်ကို ခေါ်ပါ။ ကျွန်တော် နောက်နေ့ကျမှ ကင်းစောင့် ပေးပါမယ်” ဟု ပြောကြား ခဲ့သည်။ ရာအိမ်မှူးကလည်း အခြားတစ်ဦးကို ခေါ်၍ ကင်းစောင့်ခိုင်း ခဲ့သည်။ 

ည ၉ နာရီ အချိန်တွင် ဦးအီလီယာစ်က ၎င်း၏ နွားကျောင်းသားကို ၎င်းကိုယ်စား ကင်းစောင့်ရန် ကင်းရုံသို့ စေလွှတ်ခဲ့သည်။ နွားကျောင်းသား ကင်းရုံသို့ ရောက်သောအခါ ကင်းရုံ၌ ကင်းသမား (၄) ဦး ပြည့်နေခဲ့သည်။ ကင်းသမား များက ကင်းသမား (၄) ဦး ပြည့်သွားသဖြင့် နွားကျောင်းသားအား နောက်နေ့မှ လာ၍ ကင်းစောင့်ရန် ပြောဆိုပြီး ပြန်ခိုင်းခဲ့သော်လည်း နွားကျောင်းသား မပြန်ဘဲ ကင်းရုံတွင် ထိုင်နေခဲ့သည်။ ည ၁၀ နာရီ အချိန်တွင် ဖုရားပြင်အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် အခြေစိုက် နေသည့် လုံခြုံရေး စစ်သားများသည် ၎င်းတို့၏ တပည့် သုံးဦးနှင့် အတူ ကင်းရုံသို့ ရောက်ရှိလာပြီး ကင်းသမားများကို စစ်ဆေးခဲ့ရာ ကင်းသမား တစ်ဦး အပိုတွေ့ရှိသဖြင့် မေးမြန်းပြီး နွားကျောင်းသားကို ၎င်း၏ အလုပ်ရှင် ဦးအီလီယာစ်အား ခေါ်ခိုင်းခဲ့သည်။ 

ဦးအီလီယာစ် ရောက်လာသည်နှင့် စစ်သားများက ဖမ်းဆီး ခေါ်ဆောင်သွားကာ ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ စစ်သားများနှင့် အတူ ပါလာခဲ့သည့် တပည့် သုံးဦးမှာ -- ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက် (၈) မှ ဦးကာဆိမ်း၊ အကွက် (၅) မှ ဦးဟာလာမျာနှင့် အကွက် (၆) မှ ဦးရှိချာ တို့ ဖြစ်သည်။ အဆိုပါ တပည့်များသည် ညစဉ်ညတိုင်း စစ်သားများနှင့် အတူ ရွာလည်ကာ ကင်းသမားများကို နှောက်ယှက်လေ့ ရှိသည်။ ရွာအတွင်း သွားလာသူ များကိုလည်း ဖမ်းဆီး ငွေညှစ်လေ့ ရှိသည်။

Comment ရေးရန်

Rohingya Exodus