နောက်ဆုံးသတင်း/ဆောင်းပါးများ

ရေနစ်သေဆုံးသည့် ကလေး၏ ဖခင် ထံမှ နယ်ခြားစောင့်ရဲနှင့် စစ်သားများက ငွေညှစ်



MYARF
RB News
7.11.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ သပြေတော ကျေးရွာမှ ဦးဟာမိတ် (ဘ) ဦးအာနို၏ အသက် (၆) နှစ် အရွယ် ကလေးတစ်ဦးသည် အောက်တိုဘာလ (၂၅) ရက်နေ့ ရေကန်တွင် ကျ၍ ရေနစ် သေဆုံးခဲ့သည်။

အဆိုပါ သတင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ တာဝန်ခံတို့က သိရှိသွားပြီး၊ စေတီပြင် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနှင့် စစ်တပ် စခန်းသို့ အကြောင်းကြားရာ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်သားများ ပူးပေါင်း၍ ဦးဟာမိတ် ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့က ဦးဟာမိတ်ထံမှ ငွေကျပ် သုံးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus