နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောင်းသားများ မုန့်ခိုးစားသည်ဟု စွပ်စွဲ၍ မိဘများထံမှ ကျောင်းအုပ်ကြီးနှင့် ရွာတာဝန်ခံက ငွေညှစ်



RB News
24.12.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ဇီးပင်ချောင်း ကျေးရွာအုပ်စုမှ မူလတန်း ကျောင်းသား (၃) ဦးကို ဒီဇင်ဘာလ (၂၃) ရက်နေ့က ကျောင်းသားများကို ထောက်ပံ့သည့် ဘီစကွတ်များ ခိုးစားသည်ဟု စွပ်စွဲ၍ ကျောင်းအုပ် ဆရာကြီး ဦးအောင်တင်ကြည်နှင့် ကျေးရွာ တာဝန်ခံ ဦးမာမတ်အာယုဖ် တို့ပူးပေါင်း၍ စွပ်စွဲခံရသည့် ကျောင်းသား (၃) ဦး၏ မိဘများကို ကျေးရွာ တာဝန်ခံရုံးသို့ ဆင့်ခေါ်၍ ငွေကျပ် သုံးသိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသည့် ကျောင်းသား မိဘများမှာ -- 

(၁) မော်လ၀ီ ဟာမိတ်ဟူစိန်း (ဘ) ဦးအုမော်ရ်ဟမ်ဇား (အသက် ၃၇ နှစ်)
(၂) ဦးမိုဟာမတ်ရော်ဖိခ် (ဘ) ဦးနူရ်အာလောမ် (အသက် ၃၇ နှစ်)
(၃) ဦးအာဘူကာလာမ် (ဘ) ဦးနော်ဇီအာမတ် (အသက် ၄၅ နှစ်) -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus