နောက်ဆုံးသတင်း/ဆောင်းပါးများ

စိုက်ခင်းသို့ ယူသွားနေသည့် ဓါးတစ်လက်ကြောင့် လူငယ်တစ်ဦး ဖမ်းဆီး အကျဉ်းကျခံနေရ



Rohingya Eye
RB News
17.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအောင်နှင့် အဖွဲ့သည် ဒီဇင်ဘာလ (၄) ရက်နေ့ ည ၈ နာရီ အချိန်တွင် ဒူးချီးရားတန်း ကျေးရွာအုပ်စု မားရှ်ဖာရာရွာသို့ သွားရောက်စဉ် ကွမ်းယာဆိုင် တစ်ဆိုင်တွင် ထိုင်နေသည့် ဟာမိတ် (ဘ) ဦးရှကူရ် (အသက် ၂၃ နှစ်) ကို တွေ့ရှိခဲ့ပြီး ခန္ဓာကိုယ် အနှံ့ရှာဖွေရာ ဓါးအသေး တစ်လက် တွေ့ရှိသဖြင့် ဖမ်းဆီး၍ ဘူးသီးတောင် မြို့ရှိ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။ 

၎င်းကို တရားစွဲဆို၍ ထောင်ချရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။ ၎င်းနှင့် အတူ ရှိနေသည့် ဓါးမှာ ဆောင်းသီးနှံ စိုက်ပျိုးရေးခြံသို့ ယူဆောင်သွားရန် ဖြစ်ပြီး၊ နေအိမ်မှ ထွက်ခွာပြီး ကွမ်းယာဆိုင်တွင် ထိုင်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ၎င်း၏ မိဘများက ပြန်လည် လွှတ်ပေးရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်၍ တောင်းဆိုသော်လည်း ပြန်လည် လွှတ်ပေးခြင်း မရှိဘဲ အမှုဖွင့်၍ အရေးယူ ထောင်ချရန်သာ စီစဉ်လျက် ရှိသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus